Wednesday, July 9, 2008

ရှင်သန်ပျံ့နှံ့ ပြည်ထောင်စုစိတ်ဓာတ်

ရှင်သန်ပျံ့နှံ့ ပြည်ထောင်စုစိတ်ဓာတ်

V1 - တို့ပြည်ထောင်စုအမွေ ထာဝစဉ် ထိမ်းသိမ်းရမယ်လေ
အမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုအမွေ မပျက်စီးစေဖို့လေ
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
ဒီအမျိုးသားရေး မူဝါဒကို တိုင်းရင်းသားအားလုံး စောင့်ရှောက် ကာကွယ်မယ်

V2 - တို့နိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှုတွေနဲ့
ခေတ်မီဖွံ့ဖြိုး အစဉ်တိုးမှုကို မဖျက်ဆီးနိုင်ဖို့လေ
ယုံကြည်မှု မပြိုလဲပဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အင်အားများနဲ့
အဖျက်ရန် မှန်သမျှ လက်တွဲချေမှုန်းကြမယ်
ငြိမ်းချမ်းရေးရှင်သန်ဖို့ရာ တိုင်းရင်းသားအားလုံး တွဲလက်ခိုင်မာမယ်

CHO: ညီနောင်သားချင်းများရယ် ရိုင်းပင်းကြမယ် ချစ်ခင်ညီညွတ်မယ် / တို့ပြည်ထောင်အတွင်းမှာ
စာနာမှုနဲ့ထပ်တူ တစ်ဦးနဲ့တစ်ဦးအပေါ် သံယောဇဉ် ခိုင်မြဲမယ်
ထာဝစဉ်တည်နေမယ် ပြည်ထောင်စုစိတ်ဓာတ်များရယ်
တို့သွေးချင်းကြားမှာ ပျံ့နှံ့လို့သာ အမြဲတမ်း ရှင်သန်နေမယ်

Blue Wave
ဆို - ခိုင်ဝါ


( ဒီသီချင်းလေးက ပြည်ထောင်စုနေ့အတွက် ရေးထားတာပါ။
မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွင့်ပြီးပါပြီ။ )

No comments: