Wednesday, July 16, 2008

အဆုံးမဲ့ ခရီးသည်

အဆုံးမဲ့ ခရီးသည်

V1 - ကမ္ဘာမြေထက်က ခရီးသည်တစ်ယောက် စိတ်ကူးများနဲ့ ရွက်လွင့်ရင်း
ဘယ်ဆီမှန်းလည်း မသိတဲ့ ခရီးစဉ်မှာ ရည်ရွယ်ရာတွေမဲ့နေပြီ
အချိန်နာရီတွေ ပျောက်ဆုံးခဲ့တယ် ရင်ခုန်နှုန်းများ ရပ်တန့်သွား
နောက်ဆုံးအနမ်းများ အေးစက်ခဲ့ပြီ ခံနိုင်ရည်တွေ မရှိတော့ဘူး

CHO: အဝေးဆုံးဝေသွားတဲ့ တို့ဘ၀ ပိုင်ဆိုင်ခြင်းများ ရှုံးနိမ့်သွား
အမုန်းများက ကြမ်းတမ်းလွန်းတယ် ပျောက်ဆုံး
ရင်ခုန်ခဲ့တဲ့ ဘ၀အိပ်မက်အရိပ်တို့ ကမ္ဘာမြေအဆုံးထိ ခြောက်လှန့်ဆဲ
အဝေးဆုံးလှမ်းခဲ့တဲ့ တို့ဘ၀ နောက်ဆုံး

V2 - ရင်ဆိုင်ရဲတဲ့ နေ့ရက်များ အဝေးဆုံးမျောလွင့်သွား
ရည်ရွယ်ထားသမျှ အမည်းစက်စွန်းထင် ရင်ခုန်သံတွေ ပျောက်ကွယ်ပြီ
ဒဏ်ရာတွေသာ ထာဝရစွဲထင် မျှော်လင့်ခြင်းများ ရူးသွပ်သွား
ဒီခရီးများက အဆုံးသတ်မရပြီ ခံနိုင်ရည်တွေ မရှိတော့ဘူး
( မင်းလေးနဲ့ ဝေးသွားတဲ့ တို့ဘ၀ရဲ့ အနာဂတ်ရင်ခုန်သံတွေဟာ
ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်တော့မှာလဲ နောက်ဆုံးပဲ )

( Copy of Bonjovi )
Blue Wave
1995

No comments: