Thursday, July 10, 2008

အတိတ်ရဲ့ အိပ်မက်

အတိတ်ရဲ့ အိပ်မက်

V1 - အရင်တစ်ချိန် ဒီနေရာလေး အတူတူ ဆုံတွေ့ဖူးခဲ့တယ်
ရင်ခုန်သံတွေနဲ့ အတူတူ ပျော်ဖူးတဲ့ဘ၀ကို
ပြန်လည်ကာ မှန်းဆလွမ်းရင် အိပ်မက်များကို တမ်းတခဲ့
အရင်ချိန်လေးကို တွေးလို့ မဆုံးတမ်း

V2 - ကြာပြီဆိုပေမဲ့လည်း ရင်မှာ ကိုယ်အမြဲ အမှတ်ရတယ်
နှစ်ကိုယ်တူ ထာဝရ မခွဲတမ်း အတူတူ လက်တွဲဖို့မှန်းလည်း
ကံကြမ္မာရယ် ရက်စက်ခဲ့ပြီ ရင်ခုန်ခြင်းတွေ ဝေးလွင့်ခဲ့
ကိုယ် မျှော်လင့်ခြင်းတွေ ဝေးလို့ပျောက်ဆုံး

CHO: ဟိုးတုန်းအချိန်များမှာ အတူပျော်ဖူးတာတွေ ပြန်တမ်းတ
တို့ရဲ့ဘ၀များဟာ ဝေးနေပြီ
အတိတ်ရဲ့အိပ်မက်မှာ ပြန်ဆုံတွေ့ခွင့်ရနိုင်တော့
နောက်ဆုံးတော့လေ ငါဟာ အတိတ်ကို ပြန်ရောက်သွား

V3 - အနည်ထိုင်နေတဲ့ ဘ၀တစ်ခု အလွမ်းတွေသာ ကျန်ရစ်စိုးမိုးဆဲ
ရင်ခုန်သံတွေ မရပ်သရွေ့တော့ တို့ရင်မှာ မျှော်လင့်ချက်ရှိတယ်
ယုံကြည်ရာ အားလုံးစတေးလို့ အိပ်မက်များကို တမ်းတခဲ့
ရှင်သန်တဲ့ မင်းအရိပ်တွေ ကိုယ့်အနားမှာ

Solo:
CHO: + V3


Blue Wave
10:21 a.m
16-8-2002

No comments: