Saturday, July 5, 2008

မင်းအရိပ်လို

မင်းအရိပ်လို

V1 - ချည်နှောင်ရစ်ပတ်ခဲ့တဲ့ သံယောဇဉ် တစ်စတစ်စ တိုးလာ
ရုန်းထွက်မရနိုင်ဘူး မင်းအရိပ်အောက်မှာ
နက်ရှိုင်းတဲ့မေတ္တာနဲ့ ချစ်မိတဲ့ငါ့အချစ်ကို
ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူးအချစ်ရယ်


Ref; မင်းအနားမှာ ကိုယ်ရစ်ဝဲ
ပျံသန်းတဲ့ အချစ်ဝိညာဉ် ငြိတွယ်နေပြီပဲ

CHO: မင်းရဲ့အနားမှာပဲ အရိပ်ကလေးလို
ဘယ်သွားသွား လိုက်နေအမြဲ သက်ဆုံးတိုင်
မက်မောငြိတွယ်တဲ့ မင်းရဲ့နူတ်ခမ်းလေး /
စောင့်စားမိနေတဲ့ မင်းအဖြေစကားများ
မျှော်လင့်နေသူ တို့ဘ၀နားလည်ပါ

V2 - လိုချင်တမ်းတမိတဲ့ မင်းမျက်ဝန်းလေးများဟာ
ဆွဲအားတစ်ခုလိုပဲ မင်းအကြည့်အောက်မှာ
ရှောင်ပုန်းဖို့အားအင်မဲ့ စိုးမိုးတဲ့မင်းအရိပ်တွေ
ဘယ်တူတားတား ချစ်နေအမြဲ သက်ဆုံးထိရွယ်

Blue Wave
22-11-2003

No comments: