Wednesday, July 16, 2008

မခွဲအတူ

မခွဲအတူ

V1 - တို့နှစ်ယောက် ဘ၀အတူတူ အနာဂတ်ခရီး အားအင်အပြည့်
နှစ်သိမ့်မှု အပြန်အလှန် ကြင်နာခြင်း သက်သေတစ်ခု
တည်ဆောက်မဲ့ ဘ၀မှာ အမုန်းတွေမပါ
တို့နှစ်ဦးတိုင်တည်လို့ တို့အတူ လျှောက်လှမ်းရမဲ့
ဘ၀လမ်းခရီးမှာ မခွဲတမ်း ထာဝရအမြဲ

V2 - နွေးထွေးမှု ဝေယူ တည်ငြိမ်တဲ့ ဘ၀ငယ်တစ်ခု
အချစ်တစ်ခုအတွက် ရင်ဆိုင် ကြုံလာမဲ့ ဘ၀ဒဏ်များ
ကိုယ်ပေးဆပ်ရင်းလေ အချစ်တွေဟာ
ရင်ထဲရှင်သန်လို့ တို့အတူ ဖြတ်သန်းရမဲ့
ဘ၀လမ်းခရီးမှာ မခွဲတမ်း ထာဝရအမြဲ

R.F; အလွမ်းမဲ့ခြင်းရဲ့နေ့များ အတူ ရယူခံစား
အားမာန် အမြဲအပြည့်နဲ့ အတူလှမ်းယူမဲ့ ဘ၀အသစ်ရဲ့ အနာဂတ်

V3 - အနမ်းပန်းတစ်ပွင့် ခြွေယူ အရာရာတိုင်း ခဏတာမေ့
အလွမ်းအဆွေးများ အနိုင်ယူ ရင်ဆိုင်မဲ့ မေတ္တာများ
အို.. ငြိမ်းချမ်းမှုနယ် အချစ်တွေအလယ်
တို့နှစ်ဦး ရှင်သန်လို့ တို့အတူ တည်ဆောက်ရမဲ့
ဘ၀လမ်းခရီးမှာ မခွဲတမ်း ထာဝရအမြဲ
တို့နှစ်ဦးမေတ္တာ မပျက်စီးရအောင် မခွဲတမ်း ထာဝရအမြဲ
တို့နှစ်ဦးသစ္စာ မပျက်စီးရအောင် အမြဲတူ နားလည်ထား

(Copy)
Blue Wave
17:2021-9-2005

No comments: