Monday, November 10, 2014

ကင်မ်ချီ ပြုလုပ်နည်း - Sabai Sabaydar Sofee





ကင်မ်ချီ ပြုလုပ်နည်း

၁။ မုန်ညှင်း ( ၁ )ထုပ်ကို နှစ်ခြမ်းခွဲ၍ ဆား၃ဇွန်းနဲ့ ရေမြုပ်အောင်ထည့်၍ ( ၃ )နာရီအကြာစိမ်ထားပါ။ တစ်ညစိမ်ပြီးလုပ်နိုင်လျှင် ပို၍ကောင်းပါသည်။
၂။ မုန်လာဥနီ ( ၂ )လုံးကို ခပ်သေးသေးခြစ်ထားပါ။ ပန်သီး ( ၁ )လုံးကိုခြစ်ထားပါ။ မုန်လာဥဖြူ ကိုလည်း ခြစ်ပြီး ထည့်နိုင်သည်။
၃။ ကြက်သွန်မိတ် အပင်သေး ( ၁၀ )ပင်ကို အပိုင်းလေးများ ဖြတ်ထားပါ။
၎။ ကြက်သွန်ဖြူ  ( ၁ )လုံးနဲ့ ချင်းလက်တစ်ဆစ်အရွယ် အတုံးပါးပါးလှီးပြီး ညှက်အောင်ထောင်းထားပါ။
၅။ ငရုတ်သီးအပူမှုန့် ( ၂ )ဇွန်း၊ ငရုတ်သီးအစပ်မှုန့် ( ၁ )ဇွန်း၊ သကြား ( ၁ )ဇွန်း (သို့) ထန်းလျှက်ခဲ ( ၁ )ခဲကို ကျိုထည့်ပါ။ အသားမှုန့် ( ၁ )ဇွန်း၊ ငံပြာရည် ( ၁ )ဇွန်း၊ ဆားအနည်းငယ်တို့ကို အဆင်သင့်ပြင်ထားပါ။
၆။ ဂျုံမှုန့် ( ၂ )ဇွန်းကို ရေနည်းနည်းထည့်ပြီး ပျစ်အောင် ကျိုထားပါ။

ကင်မ်ချီလုပ်ရန်။

နံပါတ် ( ၁ ) မှ ( ၆ ) ထိ ပါဝင်တဲ့အရာအားလုံးကို သမအောင်ရောနှယ်ပြီး ဆားရည်စိမ်ထားသော မုန်ညှင်းနှစ်ခြမ်းကို အပိုင်းဖြတ်၍ဖြစ်စေ၊ အခြမ်းလိုက်ကိုဖြစ်စေ၊ တစ်ထပ်ချင်း အစာသွပ်ပါ။ အစားသွပ်ပြီးပါက ဗူးတစ်လုံးထဲသို့ထည့်ပြီး မီးဖိုခန်းတနေရာတွင် တစ်ညနှပ်ထားပြီးမှ ရေခဲသေတ္တာထဲတွင် သိမ်းထားပါ။ ( ၃ )ရက်ခန့်ထားပြီးပါက ကင်မ်ချီကို သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

မှတ်ချက် - Sabai Sabaydar Sofee Facebook မှ ကူးယူဖော်ပြပါသည်။

Sunday, November 2, 2014

အသံမြင့်ပိုင်း ဆိုနိုင်ရန် လေ့ကျင့်ခြင်း - L Ni Gar Vocalist

အခွေလုပ်နေတဲ့ ညီငယ်လေးတစ်ယောက် မေးထားတဲ့မေးခွန်းလေးကို လေ့လာထားသလောက်ဖြေပေးလိုက်ပါတယ် ,...
မေးခွန်းက High pitch ကီးအမြင့်သံတွေ အော်နိုင်အောင် ဘယ်လိုလေ့ကျင့်ရမလဲ ?
ကျတော့ကို Guitarist ကိုခင်မောင်ထွေး(GL -9 ) သင်ပေးခဲ့တဲ့ နည်းလေး ပြန်လည်မျှဝေလိုက်ပါတယ်။ မသိသေးသူတွေလည်း လေ့ကျင့်ကြည့်ပါ။ ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။ သိထားတာလေး share ပေးတာပါ။


ဒိုရေမီဖာ အသံတွေကို Tone မှန်အောင် လိုက်ဆိုပါ/
Key C ရဲ့ 1 2 3 4 5 6 7 .1 .2 .3
လိုက်အော်ကြည့်။
 

အဲလို ပဲ Key D , E ,F ,G A, B တို့ ရဲ့ 1 2 3 4 notes တွေကို မှန်အောင်လိုက်အော်ကြည့်။
အဲဒီ့မှာ ကိုယ့်အသံရဲ့ အမြင့်ဆုံး အော်နိုင်တဲ့ ကီးနဲ့ နုတ် ကို သိလာလိမ့်မယ်။


ဆိုပါစို့ ။ ငါ့ညီရဲ့ Pitch က Key A ရဲ့  high 3 မီမှာ မအော်နိုင်တော့ဘူးဆိုရင် ထပ်ကာထပ်ကာလေ့ကျင့်ရင် ပိုအော်လာနိုင်လိမ့်မယ်။ စမ်းကြည့်ပါ။
အောင်မြင်ပါစေ။


မှတ်ချက် - L Ni Gar Vocalist Facebook မှ ကူးယူဖော်ပြပါသည်။

Home Studio အကြောင်း တစေ့တစောင်း - Maung Maung Latt

မိတ်ဆွေတယောက်က sgp ကနေ အခုလိုအကြံတောင်းလာပါတယ်။ voice mailနဲ့ ပါ။``ဟယ်လို ကိုဘယ်သူရေ ကျနော့မှာ midi controller ရယ် computer ရယ် mic ရယ်ရှိတယ် soundcard ကတော့ ဝယ်ရမှာပေါ့နော် အခြား ဘာများလိုမလဲ home studio လေးဆင်ပြီးဆော့ချင်ပါတယ်´´တဲ့။
 

ဟုတ်ကဲ့ပါ monitor speaker လိုမယ်။စပီကာမှာ active ရှိတယ်။ သူက amp တွဲလျှက်ပါတယ်။ power တော့ ထိုးပေးရသပေါ့။ passive ဆိုရင်တော့amp ကို သီးခြားဝယ်ရတယ်။ပြီးမှ jackကြိုး နဲ့ join ပေါ့။ ၂သိန်း၊ ၃သိန်းပဲ သုံးဖို့ အကြံပေးပါတယ်။ ချွေတာရေးစပီကာလေးတွေ ၅ လက္မ ၇ လက္မ စသဖြင့်ပေါ့။ ဥရောပ နည်းပညာနဲ့ စက်ရုံက china ပေါ့။ သုံးလို့ ရပါတယ်။ 

external soundcard ကို usb 2.0 interface သုံးဖို့  အကြံပေးတယ် midi ပေါက် ပါဖို့ လိုတယ်လေ။ သူ့ မှာက midi controller ရှိတယ် ဆိုသကိုး။ branded ဖြစ်တဲ့နာမည်ကြီး ပစ္စည်းများ မသုံးပါနဲ့ ဦးလို့ ။  စောသေးတယ်လေ။လုပ်ရင်းကိုင်ရင်း အားမရဖြစ်လာမဲ့ အခွင့်အရေး သူ့ ကိုပေးရမှာပေါ့။ mac book pro တို့ ၊ protoolsတို့ ခနစောင့်ပါပေါ့။ mixer မလိုသေးဘူး။ သူကိုယ်၌လဲ pro မဟုတ်နိုင်သေးဘူး။ အချို့အဆင့်များ မပြောသေးတာက ပြောတာထက် သူ့ ကိုကူညီရာရောက်တော့ တဆင့်လောက်ပဲဖြစ်ဖြစ် ချန်ရတာပဲ။ ကိုယ်က သိပ်မသိငြား သူ့ ထက်စာရင်တော့ အတော်သိတယ်လေ။ ကြာပြီကိုး။ 

စမ်းတဝါးဝါးနဲ့  လမ်းတွေမှား။ amp တွေလောင် soundcard တွေ တခုကနေ ၂ခုကြွ။ ကူသူမဲ့၊ ကယ်သူမဲ့နဲ့ ။ mixer မလိုရခြင်းက soundcard မှာကိုက preamp ပါလာလို့ ပဲ။သူမမေးခင် ကြိုရှင်းပြလိုက်ပါတယ် preamp ဆိုတာ gain ကိုဆွဲတင်ပေးသော volume control လို့ ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့ အနေနဲ့ က
ဒါလောက် သိထားပေးရင် တာဝန်ကျေတယ်။ 


ဘယ်လိုများsetting ချမှာပါလိမ့်။ ကျုပ်ကတော့ဒီလိုသုံးခဲ့ဘူးတယ်
1/soundcard(audio interface) သည် နကိုကတည်းကိုက usb 2.0 printerကြိုးမျိုးနဲ့ computerကို
ချိတ်ထားပြီးဖြစ်တယ်။
2/soundcard မှာoutput အပေါက်များပါတယ် output 1,2,3,4...etc
1နဲ့ 2 ကပဲထုတ်ခဲ့တယ်။ jack pin အမျိုးအစားကိုကြည့် banana လား (tv to video join တဲ့ကြိုး) jack ခေါင်းအသေးလား၊ အကြီးလား။ ချုပ်ရရင်
*ဆိုလိုတာက soundcard ရဲ့ outputသည် active speaker(သို့ ) amplifier ရဲ့  input ကိုထိုး။
*တီးမဲ့ instrument ရဲ့ jack သည် soundcard အဝင် inputကိုထိုး။ mic ဆိုရင် mic line in ကိုထိုး။
mic က condensor mic ဆိုရင် fantom power 48 v ကြွေး။ ခလုတ်ကလေးပါတယ် ရှာကြည့်။
*အင်း ခုမှ recording software အပိုင်းရောက်လာတာ နီးစပ်ရာ software cd ဆိုင်က ရှာမရရင် ကိုယ့်ဟာကိုယ် download လုပ်။ ကျုပ်ကတော့ ဘာမှဒေါင်းလုပ် မလုပ်တတ်ပါ။ ရှာဝယ်လို့ မရရင်ရင်းနှီးရာမှာ
အကူညီတောင်းပါ။ software မှာsoundcardရွေးပေးဖို့ ကတော့ရှေ့ မှာလဲarticle များရှိခဲ့ပြီ။
တော်သေပြီ။ မှားလို့ တော်သေးပြီ။ဆက်ပါမည်။
(ချစ်ခြင်းအားဖြင့်)


မှတ်ချက် - Maung Maung Latt Facebook မှ ကူးယူဖော်ပြပါသည်။

Saturday, November 1, 2014

ှAudio Mastering အခြေခံ - Lamine Thar

audio engineering မှာ mastering ဆိုတာ music production လိုင်းရဲ့ အဆုံးပိုင်းမှာရှိပါတယ်။ ထွက်လာတဲ့သီချင်းသံတွေ ဘယ်စက်တွေနဲ့ ဘဲနားထောင်နားထောင် နားဝင်ပီယံဖြစ်ဖို့  mastering အပိုင်းက လုပ်ပေးရပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၅၀ကျော်တုန်းက နည်းပညာရယ် စက်မှုကိရိယာတွေ မတိုးတက်သေးတဲ့အချိန်မှာ mastering ဆိုတာဟာ mixing stage ကပေးလာတဲ့ reel tape ဆီကနေ vinyl LP တွေ cassette tape တွေဖြစ်အောင် duplication လုပ်ပေးရတဲ့အဆင့်ပဲ့ရှိပါတယ်၊ နည်းပညာတွေ စက်ကိရိယာတွေ တိုးတက်လာတဲ့ ဒီခေတ်မှာတော့ mastering engineer တွေ နေရာအကြီးအကျယ်ရလာပြီး အရေးပါလာပါတယ်။ ဘာဖြစ်လဲဆိုတော့ final result တွေက အရမ်းကောင်းလို့ ပေါ့၊ ဒီတော့ ဂီတနဲ့ ပက်သက်တဲ့ company ကြီးတွေ ငွေကြေးမြောက်မြားစွာ ရတဲ့ အောင်မြင်တဲ့ အင်ဂျင်နီယာတွေဟာ ဒေါ်လာသန်းနဲ့ ချီပြီး ရင်းနှီးမြှုပ်နှံကြတယ်။ Recording company တွေကလည်း mastering ဆိုတာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာ အသိအမှတ်ပြုလာကြတယ်၊ Recording company တခု နှင့် တခု ဆီက ထွက်လာတဲ့သီချင်းတွေ အသံကျယ်ခြင်းပြိုင်ကြတော့ loudness war ဆိုတာ ခေတ်စားလာတယ်၊ ကဲ mastering  လုပ်မယ်ဆိုရင် ဘာတွေလိုအပ်သလဲ၊ သီချင်း၁ပုဒ်ကို analysing approach နဲ့  နားထောင်တတ်ရမယ်။  ဒီတော့ arts of listening ဆိုတဲ့ အတတ်ပညာကို တက်ကျွှမ်းဖို့ လိုလာပြန်တယ်။

The art of listening
သီချင်း ၁ပုဒ် ဂီတသံစဉ် ၁ခုကို နားထောင်မယ်ဆိုရင် အဲဒီသီချင်း အဲဒီသံစဉ်တွေကို ကြိုက်တာ မကြိုက်တာ အပထား ပါဝင်တဲ့  elements တွေရဲ့ အသံတွေကို ခွဲခြမ်းစိတ်ဖြာရပါမယ်၊
Foundation – bass, drum
Rhythm – guitar, piano, synths
Pads – synths, e piano, strings
Leads – vocal, guitar, solos
Fills – vocal, guitar, percussion, drums

Elements ၁ခု ချင်းဟာ သူ့ ရဲ့ အတိုးအကျယ်တွေ (vol/lev) တွေမှန်ရဲ့လား၊ အသံထုံ / စူးရှ (eq) တွေ မျှရဲ့လား၊ အခြား characters တွေလည်း သူ့ နေရာနဲ့ သူ အသံမှန်ရောက်ရဲ့လား၊ စသဖြင့် analyse လုပ်ရပါ့မယ်။ အဲဒါတွေပြီးရင် gain stage မှာ ဘယ်လောက်တင်ရင်ကောင်းမလဲ၊ ဘယ် eq band တွေကို cut/boost လုပ်မလဲ compression ဘယ်လိုလုပ်မလဲ Ratio, attack, Release, gain reduction, make up ဘယ်လောက်လုပ်မလဲ၊ harmonic enhancing/ tape, tube situation လုပ်မလား၊ stereo widening ဘယ်လောက်ချဲ့ မလဲ၊ limiter setting မှာ A/R, peak stop, loudness maximizer နဲ့ ဘယ်လိုသွားမလဲ။ Loudness meter/ frequency spectrum meter ဘယ်လိုထားရင်ကောင်းမလဲ၊ စဉ်းစားဆုံးဖြတ်ပြီးရင် လုပ်ငန်းစလို့ ရပါပြီ။

Studio အကြီးတွေမှာ သုံးတဲ့ hardware mastering chain ကတော့
၁. ADDA- analogue digital digital analogue converter ( eg. Antelope audio clip 384 )
၂. PREAMP ( Ams Neve 1081 )
၃. Eq ( SSL Xrack, Avalon AD2077 Manley massive passive )
၎. Compressor ( ShadowHills Mastering Compressor, Tubetech SMC 2BM multibands )
၅. Eq ( Massive passive 4 band, maselec MEA2 )
၆. Hamonic processor ( Eventide H8000 Utra )
၇. Limiter ( Manley Slam, Prism sound MEA2 )
၈. ADDA converter ( SSL Alphalink Madi-AX)
ပြီးရင် CD Recorder/Tape Recorder ဒါမှမဟုတ် vinyl cutting machine ကိုသွားပါတယ်၊ Vinyl mastering အတွက်ကတော့ သက်သက် setup လုပ်၇ပါတယ်။ very low frequency နဲ့  anti-phase တွေပါလာရင် ဓါတ်ပြားလှီး၊ ခြစ်တဲ့ အပ်ခေါင်းကို ပျက်စီးစေတဲ့အတွက်ကြောင့်ပါ။

Digital Mastering ( Software ) chain
2010 မတိုင်ခင်အထိ hardware mastering ကို မယှဉ်နိုင်ပေမဲ့ နောက်ပိုင်းမှာတော့ Software Plugin တွေ တော်တော်လေးကောင်းလာပါတယ်၊ ဆရာကြီးတွေဖြစ်တဲ့ Yoad Nevo, JC concato, etc တို့ တတွေက software တွေနဲ့ လုပ်တဲ့ mastering တွေဟာ hardware mastering ဆရာတွေ နီးပါးလောက် ကောင်းအောင် လုပ်ပြနိုင်တော့ ကျွှန်တော်တို့ လို မျက်နှာမွဲတွေအတွက် အားတက်စရာပေါ့။ ကျွှန်တော်ထင်တာကတော့ software mastering plugin တွေဟာ DAWs တွေInterface တွေက PreAmp- Recording mixer, Recorder တွေရဲ့ နေရာကိုယူလိုက်သလိုပဲ၊ mastering hardwares တွေကို တန်းညှိနိုင်မယ်လို့ ကျွှန်တော်ယုံကြည်ပါတယ်၊ တချို့ သော စတူဒီယို တွေမှာ hardware/ software – hybrid system ကို သုံးနေကြပါပြီ။

 ကျွှန်တော်ကတော့ mastering ကို Isotope ( Ozone ) နဲ့ စခဲ့ပါတယ်၊ ဘာမှမသိသေးတဲ့ အချိန် အတွေ့ အကြုံနည်းနေတုန်းအချိန်မှာ Presets တွေကို အားကိုးခဲ့ပါတယ်၊ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့် Presets ကိုဖန်တီးနိုင်တဲ့ အချိန်ရောက်လာဖို့ အတော်ကြာပါတယ်။ Presets တွေကို စမ်းသပ်ဖို့ ဆိုတာဝန်လေးစရာ မဟုတ်ပါဘူး။

ပြီးတော့ mastering အတွက် mixing stage မှာ ဘာတွေပြင်ဆင်ပေးရမလဲ? Mastering ဆရာတွေ တော်တော်များများဟာ player, mixing, recording ဘ၀က လာတဲ့သူတွေ များပါတယ်။ အင်ဂျင်နီယာ ၁ယောက်ဟာ တူရိယာ ၂ခု ၃ခု လောက်တီးတတ်ကြပါတယ်၊ ( ချွင်းချက် )
Mixed track ရဲ့  master bus မှာ eq မထည့်ရပါ၊ မဖြစ်မနေလိုအပ်မှသာ ထည့်ပါ၊ compression/ limiting အတွက် mastering engineer တာဝန်ထားလိုက်ပါ။ ပြီးတော့ well-balanced mix ဖြစ်အောင် လုပ်ပါ၊ Peak level ကို -6 db ထက် မကျော်ပါစေနှင့်။

 Average level နဲ့  Peak level တို့ ရဲ့ dynamic Range ကွာခြားချက်ကတော့ 9db နှင့် 6db ကြားမှာ ရှိမယ်ဆိုရင် ဒီသီချင်းဟာ mastering ဆရာသမားလက်ထဲ ထည့်လို့ ရပါပြီ၊ ဆရာ့ ဆရာတွေရဲ့ အဆို အရ ကိုယ်mix လုပ်တဲ့ track ကို mastering လုပ်ဖို့ အခြား masteringဆရာကို လွှဲအပ်လိုက်ပါတဲ့၊ ဟုတ်မယ်လို့ ကျွှန်တော်ယုံကြည်ပါတယ်။ Collaboration concept အရ ဖြစ်မယ်။
ကျွှန်တော် mastering chain ၄၊ ၅၊ ၆ ခုလောက် လုပ်ထားတဲ့အထဲက စာရှည်နေမှာစိုးလို့  ရန်နိုင်ရဲ့ အခွေကို လုပ်ထားတဲ့ setup နဲ့ ဥပမာ ပေးလိုက်ပါ့မယ်။

Mastering chain
– BT – PEQ 5B-3 ( nomad factory )
– BT com CP 2S-3 ( nomad factory )
– VEQ 4 ( waves )
– BT BW 2S-3; comp setting ( nomad factory )
– Kramer Tape ( waves )
– Center ( waves )
– L3 – LL Utra ( waves )
– WLM meter ( waves )

ဒါနဲ့ ဘဲ့ မလုံလောက်သေးပါဘူး၊ Lipinski speakers, hardware gear တွေ မသုံးနိုင်ရင်လည်း အခန်းရဲ့ Room acoustic response ကို flat ဖြစ်အောင် tuned လုပ်ထားနိုင်မယ်၊ monitor setup ergometric မှန်ရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရမှာပါ။ headphone နဲ့  Recording mixing mastering ၁ခါမှ မလုပ်ဘူးပါ၊ sound engineer ၁ယောက်ရဲ့ နားဟာ အလွန်အရေးကြီးလို့ details check ကလွဲရင် headphone ကို မသုံးရင် ကောင်းပါမယ်၊ ပြီးတော့ balanced mixing mastering ကောင်းတဲ့သီချင်းတွေကို ကိုယ့် စတူဒီယို အခန်းက setup တွေနဲ့ များများနားထောင်ပေးရင် ကောင်းပါတယ်။ Mastering Hardward/ software တွေဟာ အလွန်ရိုးစင်းပါတယ်။ အဓီကကတော့ mastering engineer ရဲ့ technical skills နဲ့  the art of listening တို့ ကပိုပြီးအရေးကြီးပါတယ်။…...... အားလုံး အောင်မြင်ပါစေ။

မှတ်ချက် - Lamine Thar Facebook မှ ကူးယူဖော်ပြပါသည်။

Room Acoustic Treatment (RAT) - Lamine Thar



RAT = ကြွက်မဟုတ်ရပါ။ Room acoustic calibration (RAC) လို့ လည်း သုံးကြပါတယ်၊ အခန်းရဲ့အသံ တုံ့ ပြန်မှုကောင်းမွန်အောင် ထိန်းသိမ်းပြုပြင်ခြင်းလို့ ပဲ့ သတ်မှတ်လိုက်ပါမယ်၊ ဒီအဖြစ်အပျက်က recording, mixing, composing and mastering လုပ်တဲ့သူတိုင်း ကြုံတွေ့ ရတဲ့ အခက်အခဲတွေပါ၊ ဆရာ့ဆရာတွေရဲ့  technique တွေနဲ့ လုပ်ခဲ့တဲ့ အတွေ့ အကြုံတွေကို ပြောပြချင်ပါတယ်။

Studio အကြီးတွေမှာလုပ်တဲ့ technique နှင့် project studio မှာ လုပ်တဲ့နည်းတွေ ကွာပါတယ်၊ ဒီဆောင်းပါးက Project studio အတွက် ရည်ရွယ်ပါတယ်၊ Project studio ရဲ့ အခန်းဖွဲ့ စည်းပုံဟာ ခေါင်မိုးနိမ့်ပြီး လေးထောင့်အခန်းကျဉ်းတွေ များပါတယ်၊ ကျွှန်တော့်အခန်းကို RAT မလုပ်ခင်မှာ တော်တော် နားဒုက္ခရောက်ပါတယ်။ ၁နာရီကျော်လောက် ကလိပြီးသွားရင် နားအူသွားတယ်၊ အခန်းနံရံတွေကို ဂွမ်းကပ်စောင်တွေနှင့် ကပ်လိုက်တဲ့အခါမှာ နည်းနည်းသက်သာသွားသလိုပဲ၊ ကျွှန်တော်ဘာကိုသိလိုက်တာလဲ ဆိုရင် အခန်းတခုခုထဲမှာ ကြားရတဲ့အသံတွေကို အခန်းရဲ့ဖွဲ့ စည်းပုံက လွှမ်းမိုးသုံးနာညီတြိဂံ အနေအထား ရှိရပါမယ်၊ (ပေကြိုးနဲ့ တိုင်းပေးပါ) စက်တွေအားလုံးချိတ်ပြီး သီချင်း ၁ပုဒ်ဖွင့်ပြီး နားထောင်လိုက်ရင် အခန်းရဲ့ အနေအထားကို (unprocessed condition) စသိရပါပြီ၊

အခန်းရဲ့ room acoustic response ကို တိုင်းမယ်။ software ကတော့ True RTA (iphone/ipad/android/pc/mac) ကျွှန်တော်သုံးပါတယ်၊ Reတာကိုပါ။

 ဥပမာ 
- Reverb/ Echo = ဟိန်းသံ
- Reflection = နောက်ပြန်၊အသံပြန်ခြင်း
- Absorbtion = စုပ်ယူမှု
- Dispersion = ဖြန့် ခွဲထုတ်ပြစ်ခြင်း
အစရှိတဲ့ အကြောင်းအရာတွေကြောင့် ဒီ audio production room ကို flat frequency ဖြစ်အောင် လုပ်ကြရပါတယ်။ အခန်းက လေးထောင့်ရှည်ပုံစံ (rectangular) ရှိမယ်ဆိုရင် computer monitor and work station desk ကို အခန်းထိပ်နံရံ နှင့် နည်းနည်းကွာပြီးထားမယ်၊ ဘေးနှစ်ဘက်မှာ monitor speakers ကို ခုံရှေထိုင်မဲ့လူရဲ့ နားအမြင့်မှာ ထားမယ်။ speakers နှစ်လုံးနှင့် လူရဲ့အနေအထားဟာ

sult Graph ကို snapshot ရိုက်ထားလိုက်မယ်၊ ပြီးရင် နံရံတွေကို acoustic foam (absorber and diffuser) တွေကပ်ကြရအောင်၊ ကျွှန်တော်ပြောချင်တာက နံရံတွေအားလုံးကို foam တွေ အပြည့်ကပ်လိုက်ရင် overkilled ဖြစ်သွားမယ် overkilled ဖြစ်သွားရင် အဲဒီအခန်းက ထုတ်တဲ့သီချင်းတွေက mid and high level အရမ်းများသွားပါ့မယ်။

ကပ်ကြမယ်ဟေ့ကောင်းကောင်း
၁ . computer monitor ရဲ့ အနောက်မှာ desk အမြင့်ကနေ စပြီးတော့ မျက်နှာကျက် မရောက်ခင်အထိ parallel/horizontal pattern ဖြစ်အောင်ကပ်မယ် အပြည့်ကပ်စရာ မလိုပါ၊ column ခြားပြီး ကပ်လို့ ရပါတယ်၊
၂. front and corners မှာ bass trap (သုံးမြှောင်ပုံ ဖော့တိုင်အရှည်) ကပ်မယ်၊
၃. ဘေးနံရံကို ကပ်မယ်ဆိုရင် ဘယ်ဘက်ဘေးနံရံမှာ မှန်အသေး ၁ချပ်နှင့် လိုက်ထောက်ပြီး ညာဘက် monitor speaker မြင်ရတဲ့နေရာ (prime spot) ကို မူတည်ပြီးတော့ panel တွေဖြစ်အောင်ကပ်မယ်၊ (ဘယ်ဘက်အတွက်ဆိုရင်လည်း ဘယ်ညာပြောင်းပြီး အရင်အတိုင်းပဲ လုပ်မယ်၊
၎. အခန်းရဲ့ backwall မှာ absorber and diffuser ရောပြီးကပ်ရမယ်၊
၅. ဖြစ်နိုင်ရင် mixing/ chair အပေါ်မျက်နှာကျက်မှာ floating panel တပ်ပေးမယ်၊
၆. အရင်ဖွင်ခဲ့တဲ့သီချင်းကို ပြန်နားထောင်ရင် ဘယ်လိုကွာသလဲဆိုတာ ကြားရပါလိမ့်မယ်၊
True RTA app နဲ့  ပြန်တိုင်းရင် frequency graph တွေတွေ့ ရမယ်၊ flat frequency response ရနိုင်ဖို့  နံရံလေးဘက်လုံးမှာရှိတဲ့ absorber/diffuser တွေကို အတိုးအရှောလုပ်မယ်၊ nearly flat frequency response ရရင် perfect ဖြစ်ပါပြီ။ ဖြစ်နိုင်ရင် အခန်းကြမ်းပြင်ကို အမွေးပွ ကော်ဇောခင်းပါ။ အခန်းထဲမှာ flat surface ရှိတဲ့ ပစ္စည်းအရာတွေ မထားရင် အကောင်းဆုံးပါ။

တချို့ က အမှားတွေ နားလည်တာလည်းတွေ့ ရပါတယ်၊ Room acoustic treatment ကို sound proof room လုပ်လိုက်ကြပါတယ်၊ sound proof room လုပ်လိုက်ရင် bad environment recording/ mixing ဖြစ်သွားပါလိမ့်မယ်၊ ဖြစ်ရမှာက well treated room acoustic environment ကို ရအောင်လုပ်တာပါ၊ ဒီ environment ဟာ Sound engineer တွေ မွေ့ လျှော်တဲ့ နေရာဆိုရင် အမှန်ပါပဲ။

(စာကြွင်း။ 8” monitor speakers + sub-woofer setup ကို ကျွှန်တော်ကြိုက်ပါတယ်၊ sub-woofer မထားတဲ့ studio တွေက ထွက်လာတဲ့ သီချင်းတွေဟာ bass သံများနေပြီး sub-woofer level up များရင် ထွက်လာတဲ့သီချင်းတွေဟာ bass သံနည်းသွားတယ်၊ ဒီတော့ ဥာဏ်နဲ့ ယှဉ်ပြီး ချင့်ချိန်စဉ်းစားတာ အကောင်းဆုံးပါ။)

မှတ်ချက် - Lamine Thar Facebook မှ ကူးယူဖော်ပြပါသည်။







Wednesday, September 10, 2014

ဘ၀ရဲ့သစ္စာ - ညီမင်းထက် (Blue Wave)


my song

ဘ၀ရဲ့သစ္စာ

V1 - မှန်ကန်ခဲ့တဲ့ သစ္စာနဲ့ ရိုးသားတဲ့ စကားတွေ
ရင်မှာ ခံစားချက်နဲ့အတူ ဆိုမယ်
ယုံကြည်ချက်တို့ အရင်းတည်မယ် ကြိုးစားမှုတစ်ခုနဲ့
အတူတူ ဘ၀ခရီး ဆက်လျှောက်ဖို့အရာဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား


V2 - ကြင်နာမှုနဲ့ အစတည်မဲ့ တို့နှစ်ဦးသားရဲ့ အချစ်တွေ
အမှန်တကယ် နောက်ဆုံး ငြိမ်းချမ်းဖို့သာ တိုင်တည်
ရင်မှာရှိတဲ့ မေတ္တာတရားနဲ့ ထာဝရ အေးချမ်းမှုကို
လိုချင်မက်မောမိတဲ့ အဖြစ်တွေဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား

CHO: ရင်ခွင်မှာ မီးများတောက်လို့ ကျွမ်းလောင်ပါစေ
သောကလှိုင်းတို့ ကြမ်းထန်ပါစေ လျှောက်လှမ်းရဲ
မြေပြင်မှာ ဆူးညောင့်ခလုတ်တို့ ရှိနေပါစေ
ခွင့်လွှတ်ခြင်းနဲ့ အနစ်နာခံမယ် ဘ၀ရဲ့သစ္စာတရား

ရေး/ဆို - ညီမင်းထက် (Blue Wave)
တေးဂီတ & Studio - ရင်ခွင်ဦး

Wednesday, September 3, 2014

ပွဲဆူသော ခေါင်းလောင်း

ပွဲဆူသော ခေါင်းလောင်း


“မနေ့က ညနေ ငါးနာရီမှာ ခေါင်းလောင်းကြီးကို တွေ့သွားပြီတဲ့” သတင်းစာ ရောင်းနေသူက ကားဂိတ်တွင် အော်ရောင်းလေ၏။

မောင်စိုပြေ တစ်ယောက်လည်း ခေါင်းလောင်းဆိုသည့် အသံကြားတော့ ခေါင်းထောင်သွားကာ သတင်းစာတစ်စောင် ခပ်မြန်မြန် ဝယ်လိုက်သည်။ လူတိုင်း ခေါင်းလောင်းကြီးကို စိတ်ဝင်စားနေသဖြင့် သတင်းစာ ကုန်သွားရင် မဖတ်လိုက်ရမှာလည်း စိုးသည်။ သတင်းစာပင် မဖတ်လိုက်ရ၊ ဘတ်စ်ကား လာသဖြင့် ကားပေါ် မြန်မြန်တက်လိုက်ရသည်။

စိုပြေကား ခေါင်းလောင်းကြီးကို စပြီး ရှာမယ်ဆိုကတည်းက စိတ်ဝင်စားနေခြင်း ဖြစ်သည်။ စားလည်း ခေါင်းလောင်းကြီး အကြောင်း စဉ်းစား၊ အိပ်လည်း ခေါင်းလောင်းကြီးကို အိပ်မက်မက်၊ ဘယ်နေရာကြည့်ကြည့် ခေါင်းလောင်းကြီးကိုသာ မျက်စိထဲ မြင်နေပြန်၏။ စကားပြောရာတွင်လည်း ခေါင်းလောင်းကြီး မပါလျှင် မပြီး။ စကားသုံးခွန်း ပြောလျှင် နှစ်ခွန်းက ခေါင်းလောင်းကြီး အကြောင်း ဖြစ်နေသည်။ ဖေ့ဘုတ်တွင် စတေးတပ် တင်လျှင်လည်း ခေါင်းလောင်းကြီး အကြောင်း။ ကွန့်မန့်ပေးလျှင်လည်း ခေါင်လောင်းကြီး။ အခု စာရေးတာတောင်မှ ခေါင်းလောင်းဆိုသည့် စာသားပေါင်း (၄၈) ခု ပါ၏။ (မယုံလျှင် လိုက်ရှာကြည့်) ခေါင်းလောင်း ရှာနေသူတွေတောင် စိုပြေလောက် ခေါင်းလောင်းကြီး အကြောင်း စိတ်ဝင်စားမည် မထင်။

ခေါင်းလောင်းကြီးကို စိုပြေ စိတ်ဝင်စားသည့် အကြောင်းရင်းများစွာ ရှိပါသည်။ စိုပြေသည် သန်လျင်တွင် နေထိုင်ခြင်း ဖြစ်ပြီး ခေါင်းလောင်းကြီးလည်း သန်လျင်ကိုလာရင်း ရေထဲသို့ ကျသွားခြင်း ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို သယ်လာခဲ့သူ ငဇင်ကာ ဆိုသည့် ပေါ်တူဂီကြီးကလည်း စိုပြေ့အိမ်နားတွင် နေထိုင်ခြင်း ဖြစ်ပြန်၏။ သက်ရှိတော့ မဟုတ်။ ငဇင်ကာ၏ အုတ်ဂူ အိမ်နားတွင် ရှိခြင်းကို ဆိုလိုပါသည်။ ထို့အတူ ခေါင်းလောင်းကြီးကို နဂါးများ စောင့်ရှောက်ထားသည် ဆိုသည်ကိုလည်း စိတ်ဝင်စားမိပြန်သည်။ ငယ်ငယ်ကတည်းက နဂါးကို မြင်ဖူးချင်သော စိတ်ကလည်း အင်မတန် ပြင်းပြခဲ့သည်။ ဖူးကြီးမှာ နဂါးခြေရာ တွေ့သည် ဆိုသဖြင့်လည်း သွားကြည့်ခဲ့ဖူးသည်။ မင်းဘူးတွင် နဂါးရှိသည် ဆို၍လည်း သွားကြည့်ခဲ့ဖူးသည်။ တစ်ခါမှ မတွေ့ခဲ့ရ။ ခေါင်းလောင်းကြီးကို နဂါးကြီး စောင့်ရှောက်ထားသည် ဆိုတော့ ခေါင်းလောင်းကို တွေ့လျှင် နဂါးကို တွေ့မည်သာ။ ဒါဆို စိုပြေ မြင်ဖူးချင်သော နဂါးကြီးကိုလည်း တွေ့ရတော့မည်။ သို့သော်လည်း အနီးကပ်တော့ သွားမကြည့်ရဲ။ နဂါးမျက်စောင်းထိုးလျှင် ပြာကျသွားတတ်သည်ဟု ကြားဖူးသဖြင့် ကြောက်လည်း ကြောက်မိသည်။

ဒါကြောင့်လည်း စိုပြေ ကြည့်ချင်သော ခေါင်းလောင်းကြီးကို ယနေ့အထိ သွားမကြည့်သေးခြင်း ဖြစ်သည်။ စိုပြေ့လို ခေါင်းလောင်းကြီးကို စိတ်ဝင်စားသူတွေ အများအပြား သွားကြည့်နေကြသည် ဟုလည်း သတင်းထဲတွင် တွေ့နေရသည်။ ထိုလူများ အတွက်လည်း စိတ်ပူမိပြန်သည်။ ခေါင်းလောင်းကြီးနှင့်အတူ နဂါးကြီး ပါလာပြီး လူတွေကို မျက်စောင်းထိုးလျှင် မခက်လော။ မျက်စောင်းထိုးသည်ဟု ဆိုတော့ နဂါးမ ဖြစ်ဖို့များသည်။ စိုပြေကတော့ နဂါးမျက်စောင်းဒဏ်ကို ခံနိုင်အောင် ပါဝါရိန်းဂျား ဝတ်စုံဖြစ်ဖြစ်၊ အိုင်းရွန်းမန်း ဝတ်စုံဖြစ်ဖြစ် ဝတ်ပြီးမှ သွားကြည့်ရန် စိတ်ကူးထားသည်။

ခေါင်းလောင်းကြီးနှင့် ပတ်သက်၍လည်း အမျိုးမျိုး စိတ်ဝမ်းကွဲပြားနေကြ၏။ အချို့လည်း ခေါင်းလောင်းကြီး တကယ်မရှိ။ နဂါးက စောင့်ရှောက်ထားသည်ဟု ဆိုသူတွေကို လှောင်ကြသည်။ စိုပြေကတော့ နဂါးကြီး စောင့်ရှောက်ထားသည် ဆိုသည်ကို ယုံသည်။ ဘာကြောင့် ယုံသလဲဆိုလျှင် သူများပြော၍ ဖြစ်သည်။

အချို့လည်း ခေါင်းလောင်းကြီးက တန်ချိန် ၃၀၀ နီးပါး ရှိသဖြင့် ဆယ်လို့ရလျှင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာမည်ဟု ဆိုကြသည်။ အချို့ကလည်း ခေါင်းလောင်းကြီး ဒီလောက် မကြီးနိုင်။ မြန်မာတွေက ချဲ့ကားလွန်းသည်။ ဒီလောက်ကြီးတဲ့ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရားပေါ် ဘယ်လိုတင်မလဲဟု ပြန်မေးသည်။

အချို့လည်း ခေါင်းလောင်းကြီးမှာ ရေတွေ၊ သဲတွေ တိုက်စားသွားသဖြင့် မရှိနိုင်တော့ဟု ဆိုကြပြန်သည်။

အချို့ကလည်း ခေါင်းလောင်းကို ရှာခြင်းမဟုတ်၊ ခေါင်းလောင်းနှင့်အတူ နစ်မြုပ်သွားသည့် ရတနာသေတ္တာ ခုနစ်လုံးကို ရှာခြင်းဖြစ်သည်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း မပြောဘဲ ခေါင်းလောင်းရှာသည့် သင်္ဘောပေါ်ကို အတက်မခံခြင်း ဖြစ်သည်ဟု ဆိုသည်။ အချို့ကတော့ သင်္ဘောပျက်များတွင် ရှိသည့် ရတနာများကို ရှာနေခြင်း ဖြစ်သည်ဟု ဆိုပြန်သည်။

ဒီလိုမျိုး တစ်ယောက်တစ်မျိုး ပြောနေသဖြင့် စိုပြေလည်း ဘယ်သူ့ကို ယုံရမှန်း မသိတော့။ ဟိုလူပြောလည်း ဟုတ်မှာပါပဲလေ။ ဒီလူပြောလည်း ဟုတ်မှာပဲလေဟု ရေရွတ်ကာ အယုံလွယ်သော စိုပြေ့ခမျာ စိတ်သောက ရောက်ရသည်။ ဒီကြားထဲ လူတွေကလည်း ခေါင်းလောင်းကြီး တွေ့တော့ရော ဘာလုပ်ရမှာလဲ၊ ဒီခေါင်းလောင်း ရှာလို့ရတဲ့ ပိုက်ဆံ အခြားအကျိုးရှိတဲ့ နေရာမှာ သုံးပါလား စသည်ဖြင့် ပြောကြတော့ အင်း... သူတို့ပြောတာလည်း ဟုတ်ပါလားလေဟု တွေးမိပြန်သည်။

နောက်တော့ ... ဒီခေါင်းလောင်းကြီးက ယဉ်ကျေးမှု အမွေအနှစ်ပဲ။ ဒါမျိုးကို ရအောင် ရှာရမည်၊ စသည်ဖြင့် ဆိုသူက ဆိုပြန်သည်။ ခေါင်းလောင်းကြီးကို မတွေ့သေးသော်လည်း ဒီခေါင်းလောင်းကို မွန်ပိုင်တယ်၊ ဗမာပိုင်တယ် စသည်ဖြင့်လည်း အငြင်းပွားကြပြန်သည်။

ခေါင်းလောင်းကို သွန်းသည့် ဓမ္မစေတီမင်းက မွန်လူမျိုးဟု သိရသည်။ ပေါ်တူဂီက ယူသွားသဖြင့် ပေါ်တူဂီ ပိုင်တယ်ဟုတော့ မဆိုကြသေး။ စီရော်နယ်ဒိုတို့ မသိသေးလို့ ဖြစ်မည်။ မွန်နှင့် ဗမာ အငြင်းပွားရုံတင် မဟုတ်။ ခေါင်းလောင်းကြီးက ရှေးဟောင်းပစ္စည်း ဖြစ်သဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့သာ ဆိုင်တယ်၊ အခြား မဆိုင်သူ လက်ဝယ်မှာ ထားရင် ဥပဒေအရ အရေးယူခံရမယ် စသည်ဖြင့် မတွေ့သေးသော ခေါင်းလောင်းကို လုနေကြပြန်သည်။

အချို့ကလည်း ခေါင်းလောင်းကြီးသည် မိကျောင်းနက္ခတ်နှင့် ယှဉ်ပြီး သွန်းခဲ့ခြင်း ဖြစ်သဖြင့် ရေတွင် ပျော်ခြင်းဖြစ်ကြောင်း၊ ပြန်တွေ့လျှင် ရေထဲတွင် စိမ်ထားသင့်ကြောင်း အကြံပြုကြသည်။ စိုပြေ့အထင် ခေါင်လောင်းကို နဂါးတင် မဟုတ် မိကျောင်းပါ စောင့်ရှောက်နေပုံ ရသည်။

လက်ရှိအချိန်တွင် ခေါင်းလောင်းကြီးကို အမှီပြုပြီး စီးပွားဖြစ်နေ သူတွေကတော့ သမ္ဗာန်သမားတွေ ဖြစ်သည်။ တစ်ယောက် ငါးရာတစ်ထောင်နှင့် ခေါင်းလောင်းကြီး ဆယ်နေသည်ကို လိုက်ပို့ပေးသည်။ ကမ်းနားကဆိုလျှင် သိပ်ဝေးသဖြင့် မမြင်ရ။ မှန်ပြောင်း အငှားလုပ်ငန်းလည်း တွင်ကျယ်လာသည်။ တစ်ခါကြည့် ၂၀၀ ဆိုလား။

ဒါ့အပြင် ခေါင်းလောင်းသမိုင်း စာရွက်တွေကိုလည်း တစ်ရွက်နှစ်ရာနှင့် ရောင်းချသူများလည်း ရှိ၏။ ခေါင်းလောင်း လာကြည့်ပြီး ခေါင်းလောင်းအကြောင်း မသိလျှင် မဖြစ်သဖြင့် ဝယ်ကြပြန်သည်။

ဘာပဲဖြစ်ဖြစ် အခုအချိန်ကား ခေတ်မီသူတိုင်း ခေါင်းလောင်းကြီးကို သွားကြည့်ကြသည်။ ခေါင်းလောင်းကို သွားမကြည့်လျှင် ခေတ်မမီ။ စိုပြေကတော့ ယနေ့အထိ ခေတ်မမီသေး။ နဂါးမျက်စောင်းကို ကြောက်၍ပင်။ ပါဝါရိန်းဂျား၊ အိုင်းရွန်းမန်း ဝတ်စုံတွေကလည်း ဈေးကြီးလွန်းလှသည်။ ဒီဝတ်စုံတွေ မပါဘဲလည်း ခေါင်းလောင်းကြီးကို သွားမကြည့်ရဲ။

စဉ်းစားကြည့်မိတော့ နဂါးသည် ဂဠုန်ကို ကြောက်၏။ ဒါဆို ဂဠုန်တစ်ကောင်လောက် ခေါ်သွားပြီး ကြည့်လျှင်တော့ အန္တရာယ် မရှိနိုင်။

သို့သော်လည်း ဦးနေဝင်းတို့ ခေတ်တုန်းကတော့ ဈေးသည်တွေကို လိုက်ဖမ်းသည့် ဂဠုန်ရှိသည်ဟု ကြားဖူးသည်။ ယနေ့ခေတ်မှာတော့ ဈေးသည်ကို လိုက်ဖမ်းသူမှာ ဂဠုန်မဟုတ်ဘဲ စည်ပင်များသာ ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ဂဠုန်တစ်ကောင်လောက်တော့ ရအောင် ရှာရမည်။ ဂဠုန်ရလျှင် နဂါးကို ဖမ်းခိုင်းပြီး ရုံသွင်းပြစားလျှင်တောင် တော်တော် စီးပွားဖြစ်မည်ဟုလည်း တွေးမိပါသည်။ သို့သော်လည်း ဂဠုန်ကိုရှာဖို့က ပိုခက်သေးပြန်သည်။

တကယ်တော့ ဂဠုန်ဆိုသည်မှာ အတောင်ပါသဖြင့် ငှက်မျိုးနွယ်ဝင် ဖြစ်ဖို့များသည်။ ပုံတွေထဲမှာ တွေ့တာတော့ အချွန်အတက်တွေလည်း ပါသည်။ ဝတ်စုံလည်း ဝတ်ထားသည်။ ဇာတ်ပွဲများတွင်လည်း မကြာခဏ ပါတတ်သည်။

ယခုအချိန်သည် ပွဲတွေ နားထားသည့် ရာသီဖြစ်သဖြင့် ဂဠုန်ဝတ်စုံကို သွားငှားလျှင်တော့ ရလောက်သည်ဟု တွေးမိပြန်သည်။

ဒီလို ဂဠုန်ဝတ်စုံ ဝတ်ပြီး သွားကြည့်လျှင်တော့ နဂါးပေါ်လာလျှင်လည်း ကြောက်စရာ မလိုတော့။ နဂါးသာ စိုပြေ့ကို ဂဠုန်ဟုထင်ပြီး ထွက်ပြေး။ လူတွေကတော့ စိုပြေ့ကို အရူးဟု ထင်လေမလား မသိ။ ဂဠုန်ဝတ်စုံ ဝတ်ပြီး လူတွေ အသက်ကို ကယ်တာကို သိလျှင်တော့ ကျေးဇူးတင်ကြလိမ့်မည်။ စိုပြေ့အတွေးနဲ့ စိုပြေကတော့ တော်တော်ဟုတ်သည်။

ခေါင်းလောင်းတွေ့ပြီ ဆိုသည့် သတင်းစာကိုတော့ ကားပေါ်တွင် မတ်တတ်ရပ်နေရသဖြင့် မဖတ်ရသေးပေ။ ခေါင်းလောင်းပဲ တွေ့တာလား။ နဂါးက ဘယ်နားကျန်ခဲ့လဲဟုလည်း တွေးနေမိပြန်သည်။ သန်လျင်တံတားပေါ် ဖြတ်တော့ ခေါင်းလောင်းကြီး ရှာနေသည့် နေရာကို စိတ်ဝင်တစား လှမ်းကြည့်ဖြစ်သည်။ ကားပေါ် ပါလာသူများကလည်း စိုပြေ့လိုပင် ခေါင်းလောင်းရှာရာ နေရာကို လှမ်းကြည့်ကြသည်။ ဘာမှတော့ မထူးခြား။ မြို့ထဲရောက်လို့ နေရာရတော့မှ သတင်းစာကို လှန်ကြည့်မိတော့သည်။ ခေါင်းလောင်းကြီးကိုတော့ တွေ့သည်။ ဒါပေမဲ့ ရေအောက်မှာ မဟုတ်။

မိုးပေါ်တွင် ဖြစ်သည်။ ကောင်းကင်က တိမ်တွေသည် ခေါင်းလောင်းပုံသဏ္ဌာန် ဖြစ်နေသည်တဲ့။ ပုံကိုသေချာကြည့်တော့ ခေါင်းလောင်းနှင့်လည်း မတူ။ ဘာကြီးမှန်းလည်း မသိ။ စိုပြေ့ခမျာ “ဆုံးပေါ့ တစ်ရာ” ဟုသာ ရေရွတ်လိုက်မိတော့သည်။

မည်သို့ဆိုဆို ခေါင်းလောင်းကြီးနှင့် နဂါးကြီးကတော့ သေချာပြီ။ နောက်နေ့ သတင်းစာတွင်လည်း ခေါင်းလောင်းကြီးကို စောင့်နေသည့် နဂါးက လှည်းကူးရှိ အမျိုးသမီးကြီးတစ်ဦးကိုလည်း ဝင်ပူးသည့် သတင်း ပါလာပြန်သည်။

ဘာတဲ့... နဂါးကို သောင်တူးစက် ပိနေလို့ နည်းနည်းလောက် ဖယ်ပေးပါ ဆိုလား။ ဒီကြားထဲတွင် နဂါးက ပိုက်ဆံလာလှူသော အမျိုးသမီးတစ်ဦးကို ဝင်ပူးပြီး သတင်းမထုတ်ပြန်ရန် တားမြစ်သေးသည်တဲ့။

စိုပြေထင်သည့် အတိုင်းပင်။

ခေါင်းလောင်းကြီး ရှာဖွေခြင်း နောက်ဆုံးနေ့တွင် ဦးဆောင်ရှာဖွေသူ ဦးစံလင်းက သတင်းထုတ်ပြန်သည်။

ခေါင်းလောင်းကြီးကို ရွှေရောင်နဂါးမင်းကြီးက ဆီမီးများဖြင့် ကြီးကျယ်ခမ်းနားစွာ ပူဇော်နေသဖြင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်း ဖြစ်ကြောင်း၊ ခေါင်းလောင်းကြီးကို တွေ့နေပြီ ဖြစ်ကြောင်း၊ ဆယ်ရန်ကြိုးများ ဝယ်ယူနေကြောင်း ဆိုလေသည်။

ခေါင်းလောင်းကြီးကို အပြီးသတ် ဆယ်ယူမည်ဟု ပြောထားသည့် ၂၆ ရက်နေ့ကို ကျော်လွန်လာပြီ။ သို့သော်လည်း ယခုအထိတော့ ခေါင်းလောင်းကြီးကို နဂါးကြီး စောင့်ရှောက်နေသည် ဟူသော သတင်းမှလွဲ၍ မထူးခြားသေး။

လူအများလည်း စိတ်ပျက်လာသည်။ သို့သော်လည်း အားမလျှော့သေး နေ့စဉ် သွားကြည့်နေကြသူတွေ ရှိသည်။

ကောလာဟလကလည်း ပေါင်းစုံ။

တစ်ရက်... စိုပြေလည်း ခေါင်းလောင်းဆယ်ရာ နေရာကို ရောက်သွား၏။ အစက ကြံစည်ထားသလို ဂဠုန်ဝတ်စုံလည်း ငှားမရသဖြင့် မဝတ်ဖြစ်ပါ။ ထိုစဉ် ခေါင်းလောင်းဆယ်ရာကို လာကြည့်နေသော လူတစ်ယောက်က သူ့အမျိုးထံကို ဖုန်းဆက်နေသည်။

“ဟယ်လို ... အေး ... ခေါင်းလောင်းကြီးလား ... ဒီမှာတော့ မပေါ်သေးဘူးကွ။ အင်တာနက်မှာတော့ ပေါ်နေပြီ ပြောတယ်။ အင်တာနက်ပေါ် တက်ကြည့်ပြီးရင် ပြန်ပြောကွာ” တဲ့။

မကြာမီ “ညက နဂါးတစ်ကောင် ဖမ်းမိတယ်။ ပုံတွေရမယ်” ဆိုသဖြင့် နဂါးကို မြင်ဖူးချင်သော စိုပြေခမျာ တစ်ပုံကို တစ်ထောင်နှင့် ဝယ်လိုက်ရပြန်သည်။ (နောက်နေ့မှ အင်တာနက်တွင် ရှာကြည့်ရာ ဘရာဇီးမှ မြွေတစ်ကောင်ဟု သိရပါသည်။)

ဟိုဟိုဒီဒီ စပ်စုကြည့်တော့ မြစ်လယ်ကို မမှိတ်မသုန် စိုက်ကြည့်နေသော လူတစ်ယောက်ကို တွေ့သဖြင့် သူ၏ ခေါင်းလောင်းအပေါ် ယုံကြည်မှုကိုလည်း လေးစားသွားသည်။

သို့နှင့်-

“ဘာတွေ ကြည့်နေတာလဲဗျ။ ခေါင်းလောင်းကြီး ထွက်မပြေးပါဘူး။ အချိန်တန် ပေါ်လာမှာပေါ့” ဟု အာချောင်လိုက်မိသည်။
“ခေါင်းလောင်းကို ကြည့်တာ မဟုတ်ပါဘူးဗျာ..”
“ဟင် ... ဒါဖြင့် ဘာလာကြည့်နေတာလဲ။ ကျုပ်လိုပဲ နဂါးကို မြင်ဖူးအောင် လာကြည့်တာလား။ ရော့ ဒီမှာ ညကမိတဲ့ နဂါးရဲ့ပုံ အမောက်လည်း ပါဘူး”
“အဲဒါ အင်တာနက်က ပုံကြီးပါဗျာ။ နဂါးလည်း လာကြည့်တာ မဟုတ်ပါဘူး”
“ဒါဖြင့် ဘာလာကြည့်တာလဲဗျ”
“ဟို... ခေါင်းလောင်းဆယ်တဲ့ လူတွေ ဘယ်အချိန် ထွက်ပြေးမလဲ စောင့်ကြည့်နေတာပါဗျာ။ အလှူငွေတွေ ရထားတာ အများကြီး မဟုတ်လား”


စိုပြေ (သံချောင်းပါတီ)


from The Voice Weekly


Sunday, August 17, 2014

ဆံပင်ရှည်ကောင်မလေး - ညီမင်းထက် (Blue Wave)


My Song

ဆံပင်ရှည်ကောင်မလေး

V1 - မေ့မရတဲ့ ညနေမှာ မထင်မှတ်ပဲ တွေ့ရှိခဲ့တယ်
နူးညံ့တဲ့ အပြုံးပိုင်ရှင်ရယ် အို .. ကလေးတစ်ယောက်လို
အာရုံထဲ ရစ်နှောင်တွယ် ဆံပင်ရှည်ရှည်လေးမို့ မမေ့နိုင်တယ်

V2 - ကျောင်းဆင်းလို့ ကျောင်းပြန်ချိန်မှာ မင်းရဲ့နောက် အမြဲတမ်းလိုက်မယ်
နှုတ်ခမ်းလေးထက် နှင်းဆီရောင်ခြယ် ကောင်မလေးရယ်
မကြည်သလိုနဲ့ မကြည့်နဲ့ ဆံပင်ရှည်ရှည်လေးမို့ စွဲနေပြီ

CHO : နှလုံးသားနဲ့ တို့ဘ၀ သက်သေတည်
စကားတစ်ခွန်းအတွက် အမြဲသာ
ဆံပင်ရှည်ကောင်မလေး ယုံကြည်ပါကွာ တို့ဘ၀သစ္စာ
ဆံပင်ရှည်ကောင်မလေး ရင်မှာ ထာဝစဉ် အမြဲတမ်းချစ်နေမယ်

ရေး/ဆို - ညီမင်းထက် (Blue Wave)
 

မှတ်ချက် - ရှိတာလေးနဲ့ ဖြတ်၊ ညှပ်၊ ကပ် veio file လေးကိုတော့ သည်းခံပေးပါ ခင်ဗျာ။

Saturday, May 31, 2014

နှစ်ယောက်တစ်အိပ်မက် - ဂရေဟမ်



နှစ်ယောက်တစ်အိပ်မက်

ရေး - စိုးလင်း

ဆို - ဂရေဟမ်

V1        ယုံကြည်နေမယ်နော် အိပ်မက်ဆိုးများ ပျောက်ကွယ်လို့ရယ်

            ခိုင်ခိုင်မြဲမဲ့ နှစ်ယောက်တစ်အိပ်မက်ကို မက်ဆဲပဲ

            တူညီနေမယ်နော် ဒီလို ဘ၀ရဲ့ အချိုးအကွေ့များအလယ်

            ယုံကြည်ထားတဲ့ နှစ်ယောက်တစ်အိပ်မက်ကို မျှော်လင့်ခဲ့



CHO:    ( တို့နှစ်ယောက် နှစ်ယောက်တစ်အိပ်မက်နဲ့အတူ

            ကြင်နာစွာ ခိုင်မြဲလက်တွဲထားမယ်

            တို့နှစ်ယောက် နှစ်ယောက်တစ်အိပ်မက်နဲ့အတူ

            ထာဝစဉ် ( ယုံကြည်နော် / တည်စေနော် ) )၂



V2        ကြင်နာနေမယ်နော် ခန္ဓာသွေးကြော အသက်ရှင်သရွေ့ရယ်

            ချိုမြိန်ခြင်းနဲ့ နှစ်ယောက်တစ်အိပ်မက်ကို မက်ဆဲပဲ

            ပိုင်ဆိုင်ချင်တယ်နော် ရင်မှာ နွေးထွေးမေတ္တာများရယ်

            သေချာခြင်းနဲ့ နှစ်ယောက်တစ်အိပ်မက်ကို မျှော်လင့်ခဲ့




Monday, May 26, 2014

ရိုးရှင်းသောဘ၀ - မျိုးကြီး





ရိုးရှင်းသော ဘ၀ 

ဆို - မျိုးကြီး
        
V1        တခါတလေမှာ တစ်ယောက်တည်းနဲ့ တစ်နေကုန် စုန်ချည်ဆန်ချည် အလုပ်ကြားထဲ
            ငါလေ ရှေ့ဆက်ရမဲ့ မနက်ဖြန် အားသစ် ရချင်တယ်

V2        နေရောင်ခြည် မဟုတ်လည်းပဲ ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တစ်ကမ်းတွေ့
            ကိုယ်တတ်စွမ်းသလောက် အလင်းရောင်အနွေးဓာတ် ပေးခဲ့တယ်

CHO:    ရွှေငွေနဲ့ ဂုဏ်သိမ်ဒြပ်တို့ မရှိလည်း နေနိုင်ပါတယ် တစ်သက်လုံး
            အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံးနေဖို့
             နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ကိုယ့်ရဲ့ဘ၀ကို စိတ်ကြိုက်နေလိုက်
            ရိုးရှင်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့


- ဂစ်တာတီးပြီးဆိုချင်တဲ့ ဘော်ဒါတွေအတွက်ပါ။ ဒီသီချင်းလေး နားထောင်မိတာနဲ့ Myanmar Beer ခွက်ကလေးကို တမ်းပြီး မြင်ယောင်မိပါတယ်။း-)

Wednesday, May 21, 2014

အဘယ်ကြောင့် အနီရောင်နဲ့ အန္တရာယ်ကို အချက်ပြရတာလဲ ?









အဘယ်ကြောင့် အနီရောင်နဲ့ အန္တရာယ်ကို အချက်ပြရတာလဲ ?

          မော်တော်ကားဟာ မီးနီနဲ့တိုးရင် ရပ်နေရတယ်။ လမ်းပြင်တဲ့နေရာမှာ ညဆိုရင် မီးနီထွန်းထားရတယ်။ ဒါမှ သွားလာတဲ့လူတွေ သတိထားနိုင်မယ်။ ဇာတ်ရုံရဲ့ တံခါးတို့၊ မျှော်စင်တို့ကိုလည်း မီးနီနဲ့ အချက်ပြ အမှတ်အသား ပြုလုပ်ကြတယ်။
            အဘယ်ကြောင့် မီးနီကို ထွန်းရတာလဲ။ အနီရောင်က တောက်ပလို့လား။ မဟုတ်ပါဘူး။ ဒီထဲမှာ ဒီထက် အရေးကြီးတဲ့ အလင်းဗေဒသဘော ပါပါတယ်။
            အလင်းရောင် အဖြူထဲမှာ အနီ၊ လိမ္မော်၊ အ၀ါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စတဲ့ အရောင် ခုနှစ်မျိုးပါကြောင်း ကျွန်ုပ်တို့ သိထားပြီးပြီ။ ဒီအရောင်တွေဟာ တစ်နေရာကနေ တစ်နေရာကို ဖြန့်ကျက်တဲ့အခါ အလင်းရောင်တိုင်းရဲ့ လှိုင်းအရှည်ဟာ မတူညီကြဘူး။ အဲဒီအထဲမှာ အနီအလင်းရောင်ရဲ့ လှိုင်းဟာ အရှည်ဆုံးပဲ။ သေးငယ်တဲ့ အမှုန်လေးတွေကို ဖြတ်သွားနိုင်တယ်။ မိုးစက်၊ ဖုန်မှုန့်၊ နှင်းပေါက်လိုဟာတွေပေါ့။ ခရမ်းအလင်းရောင်ရဲ့ လှိုင်းက အတိုဆုံးပဲ။ ထိုးဖောက်နိုင်အားကလည်း ငယ်တယ်။ အဖြူအလင်းရောင်ဟာ သေးငယ်တဲ့ အမှုန်လေးပေါ် ကျရောက်တဲ့အခါမှာ ပြန့်ကွဲသွားတယ်။ လှိုင်းအရှည် မတူတဲ့အလင်းရောင်ဟာ ပြန့်ကွဲသွားတဲ့ အခြေအနေလည်း မတူဘူး။ လှိုင်းတိုတဲ့ အလင်းရောင်ဖြစ်တဲ့ ခရမ်းရောင်၊ အပြာရောင်တို့ဟာ လွယ်လွယ်နဲ့ ပြန့်ကွဲသွားတယ်။ လှိုင်းရှည်တဲ့ အနီရောင်ကတော့ အလွယ်တကူ ပြန့်ကွဲမသွားပဲ ကြည်လင်တဲ့ အမှုန်လေးတွေကို ထိုးဖောက်သွားနိုင်တယ်။ ဒါကြောင့် အရုဏ်ဦးတိမ်များကို ထိုးဖောက်လာတဲ့ အနီရောင်နေလုံးကြီးကို ကျွန်ုပ်တို့ မြင်တွေ့နိုင်တယ်။
            နှင်းဝေတဲ့ရာသီမှာ နေကို အနီရောင်အဖြစ် မြင်တွေ့နိုင်တယ်။ မှန်အနောက်ခံပြီး မီးရောင်ကို ကြည့်ရင် အနီရောင် တွေ့ရတာဟာလည်း ဒီသဘောပါပဲ။ ဒါကြောင့် အနီရောင်ကို အန္တရာယ်ပြ အမှတ်အသားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတယ်။ နှင်းဝေတဲ့ရာသီမှာ မော်တော်ယာဉ်များ မီးနီ (သို့မဟုတ်) မီးဝါကို ဖွင့်ပြီး မောင်းပါက ၄င်းကားများ သွားလာနေတာကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။ ယာဉ်အန္တရာယ် မဖြစ်အောင် ကာကွယ်နိုင်တယ်။  

Aung Ko Min (Blue Wave)

မှတ်ချက်။            တစ်ချိန်က ဖတ်ခဲ့၊ ကြိုက်ခဲ့တဲ့ စာအုပ်ကလေးထဲက ကူးယူဖော်ပြပါသည်။
                        ( ကြည်ကြည်မာ၊ အဘယ်ကြောင့်တစ်သိန်း အမှတ်-၁ )
မူရင်းရေးသားသူ   -   ၀ူလင်ချူး