Thursday, July 10, 2008

အဆုံးမသတ်တဲ့ နေ့ရက်များ

အဆုံးမသတ်တဲ့ နေ့ရက်များ

(ဝေဒနာတွေနဲ့ လွမ်းမော အဆုံးမသတ်တဲ့ နေ့ရက်များ )

(*) - သတိရတဲ့နေရာလေးမှာ တို့ဘ၀လေး မှိုင်တွေငေးကာ
အဆုံးမသတ်တဲ့ အချိန်တွေတိုင်းမှာ မင်းအကြောင်းများ ကိုယ်လေတွေးနေ

V1 - စိတ်ကူးများနဲ့ပဲ ရူးတော့မယ် ကြင်နာသူအချစ်ရယ်
ဘယ်ဆီမှန်း မသိတဲ့ အချစ်တွေနဲ့ ရူးမယ်
မပိုင်ဆိုင်နိုင်ခဲ့တဲ့ တို့ဘ၀လေး (*)

V2 - မျှော်လင့်ချက်နဲ့ပဲ ဆွေးရပြီ ရေမြေတွေဆုံးပါစေ
ရင်မှာအမြဲ တမ်းတမိနေတယ် မဆုံးနိုင်
ကိုယ်ကြေကွဲရမဲ့ နေ့ရက်များ (*)

V3 - ခြောက်ခမ်းသွားခဲ့သော တို့အချစ်တွေ ရေစုန်မှာမျောပြီ
ရှင်သန်တဲ့ တို့ဘ၀အိပ်မက်များ ပျောက်ကွယ်
မရေရာတဲ့ မင်းရဲ့အဆုံးမဲ့စကား (*)

(**) - မေ့မရတဲ့ နေရာလေးမှာ အိပ်မက်တို့ ရှည်ကြာလွန်းစွာ
အဆုံးမဲ့တဲ့ အချိန်တွေတိုင်းဟာ
ကိုယ်ကြေကွဲရမဲ့ နေ့ရက်များ အချစ်ရယ် ကိုယ်ခံစားရမဲ့ နေ့ရက်များ


Blue Wave
2-9-1998


No comments: