Saturday, July 5, 2008

ဘ၀ရဲ့သစ္စာ

ဘ၀ရဲ့သစ္စာ

V1 - မှန်ကန်ခဲ့တဲ့ သစ္စာနဲ့ ရိုးသားတဲ့စကားတွေ

ရင်မှာခံစားချက်နဲ့အတူ ဆိုမယ်
ယုံကြည်ချက်တို့အရင်းတည်မယ်
ကြိုးစားမှုတစ်ခုနဲ့ အတူတူ ဘ၀ခရီးဆက်လျှောက်ဖို့အရာဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား


V2 - ကြင်နာမှုနဲ့အစတည်မဲ့ တို့နှစ်ဦးသားရဲ့အချစ်တွေ
အမှန်တကယ် နောက်ဆုံးငြိမ်းချမ်းဖို့သာ တိုင်တည်
ရင်မှာရှိတဲ့ မေတ္တာတရားနဲ့ ထာဝရအေးချမ်းမှုကို
လိုချင်မက်မောမိတဲ့ အဖြစ်တွေဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား


CHO: ရင်ခွင်မှာ မီများတောက်လို့ကျွမ်းလောင်ပါစေ
သောကလှိုင်းတို့ကြမ်းထန်ပါစေ လျှောက်လှမ်းရဲ
မြေပြင်မှာ ဆူးညှောင့်ခလုတ်တို့ရှိနေပါစေ
စွန့်လွှတ်ခြင်းနဲ့ အနစ်နာခံမယ် ဘ၀ရဲ့သစ္စာတရား

Blue Wave

9-9-1998

No comments: