Thursday, July 10, 2008

ထာဝရ အလင်းရောင်

ထာဝရ အလင်းရောင်

V1 - အိပ်မရတဲ့ညမိုက်တို့ အမြဲတမ်းပဲ နှိပ်စက်လို့
အတွေးများလည်း အဆုံးမသတ်နိုင်တယ်
တေးသားများ နိုးထလို့ မင်းအကြောင်းများရေးဖွဲ့လို့
သီချင်းတစ်ပုဒ် မဆုံးနိုင်တယ်

Ref; ယုံကြည်ပါ လမင်းငယ် အမြဲတမ်းပဲ တမ်းတနေမိပြီ
မျှော်လင့်ထားတဲ့ နေ့ရက်များကို
ငြိမ်းချမ်းလို့ လှပဖို့ အိပ်မက်တို့ စိုးမိုးနိုင်လွန်းတယ်

CHO: ထာဝရအလင်းရောင် ကိုယ့်ဘ၀လေး လှပစေဖို့
ထာဝရအလင်းရောင် ထွန်းလင်းလိုက် ကိုယ့်ဘ၀အမှောင်ထဲ
ထာဝရအလင်းရောင် တမ်းတရင်း ရူးသွပ်ခဲ့
နှလုံးသားလေး လွမ်းဆွတ်လို့ အားလုံးပဲ အဆုံးသတ်နိုင်မလား

V2 - ကြမ်းတမ်းတဲ့လမ်းများထက် လှမ်းလျှောက်ခဲ့အားများမဲ့
ခရီးဆုံးထိ လျှောက်နိုင်ပါ့မလား
မင်းအချစ်တို့ ရရှိမှ နှလုံးသားလေး လန်းဆန်းလို့
အားများအပြည့် ရှေ့ဆက်နိုင်မယ်

Blue Wave
10-5-1999

No comments: