Thursday, July 10, 2008

ပျောက်ဆုံးခြင်း

ပျောက်ဆုံးခြင်း

V1 - အဝေးထွက်သွားတဲ့ အချိန်ကစလို့ တမ်းတရင်းနဲ့ ကြေကွဲဆဲ
ဘယ်အချိန်မှာများ ကိုယ့်ရှေ့ရောက်လာမလားလို့ မျှော်လင့်ရင်းနဲ့ လွမ်းနေမယ်

CHO-1: နင်ပေးတဲ့အနမ်းတွေ ပျောက်ဆုံးခဲ့ပြီ အသည်းကွဲခြင်းရဲ့ နိဒါန်းများ
အတိတ်ခြေရာ ဘ၀ကိုနင်းဖျက်ပြီ မျှော်လင့်ခြင်းများ မင်းရဲ့ဆီ
ငါ့ဘ၀ နင်ပေးတဲ့အလွမ်းတွေ အဆုံးမဲ့ ထားရစ်ခဲ့တဲ့ အိပ်မက်များ
တိမ်တွေလို ငါ့ဘ၀လည်း မျောလွင့်ချိန် ရင်ခုန်ခြင်း ဝေးနေတယ်
မျှော်လင့်ခြင်း တစစီကြွေ

V2 - ချန်ထားရစ်တဲ့ ဂတိစကားတစ်ခုဟာ အခိုးအငွေ့တစ်ခုအဖြစ် ပျောက်ဆုံးသွား
ဒဏ်ရာဝေဒနာခံစား ပိုကာ တိုးလို့လေ
မယုံနိုင်အောင်ကြုံကာနေ ထွက်ပြေးသွား ဟိုးအဝေးဆီ

CHO-2: ငါ့ရဲ့နှလုံးသွေးများ မြစ်တစ်ခုလိုဖြစ်ကာ စီးဆင်း
အမှောင်မိုက်ဆုံး ဘ၀ရဲ့ခရီးတစ်ခု လျှောက်လှမ်းဆဲ
မသေချာတဲ့ မျှော်လင့်ချက်များ ပျောက်ဆုံးကာ အဝေးဆုံး
ခံစားတဲ့ ဒီဝေဒနာ အဆုံးသတ်တစ်ခု ရှိပါ့မလား

*( ရင်ခုန်သံ ၀ိုးတ၀ါးလည်း အို .. မနားတမ်း
သွေးပျက်ခြောက်လှန့် အကြိမ်ပေါင်းမနည်း
အမြဲတမ်း ဆုံဖူးတဲ့ဘ၀ကို တမ်းတ / တမ်းတရင်း ရှင်သန်ခဲ့တဲ့နေ့တွေထဲ
ရင်ခုန်သံများ လှိုက်စားဆဲ အို..အကြင်နာများ ဝေးနေပြီ /
ရင်ခုန်သံရဲ့ အစိတ်အပိုင်းများ မဆုံနိုင် အားလုံးပျောက်ကွယ်ပြီ

CHO-3: အဆိုးများ ၀င်လာတယ် အရိပ်တွေတားဆီးလို့ ငါချိုးဖောက်ထွက်လို့ မရနိုင်တာ
အမှောင်ယံမှာ လျှောက်ရမဲ့လမ်း မသေချာ
အဆွေးများ ရင်ထဲအရောက် ဝေဒနာ အလွမ်းအမောများ ငါအားလုံးသိမ်းပိုက်ခဲ့ပြီလေ
ရှုံးနိမ့်နေသူမှာ အရာရာ ဝေးလွင့်ခဲ့ပြီလေ

Blue Wave
24-7-2005


( မူရင်းက Bonjovi ရဲ့သီချင်းပါ။ ဒီသီချင်းကို ဆိုဖို့လည်းမလွယ်ပါဘူး။
ဒါပေမယ့် အရမ်းကြိုက်လို့ ရေးဖြစ်လိုက်တာပါ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းနားက
သဇင်တန်ပေါက်တံတားမှာ သွားပြီးအလုပ်လုပ်တုန်းက ရေးဖြစ်ခဲ့တာပါ။ အမှတ်တရပေါ့။ )


No comments: