Saturday, July 5, 2008

အနာဂတ်ခရီး

အနာဂတ်ခရီး

V1 -
နေ၀င်ချိန်ကို မစောင့်နိုင်ပြီ ကြင်နာသူဆီ အပြေးကလေး လှမ်းချင်တယ်
ရင်မဆိုင်ရဲတဲ့ နေ့ဆိုးများ ကိုယ်လေရင်ဆိုင် ရုန်းထွက်လွတ်နိုင်ပြီ
ဝေဒနာ အမှောင်အမိုက်များ ဒဏ်ရာတွေကို ဖယ်ရှား
ရင်ခွင်မှာ ခိုလှုံဖို့အတွက် စောင့်နေဦး ချစ်သူရယ်


CHO: ကိုယ်လေအနီးဆုံး လှမ်းလာမယ် ဝေဒနာအားလုံး ရုပ်သိမ်းပြီးတော့
ကိုယ်လေ ဆိုးသမျှ တောင်းပန်မယ် ကြင်နာသူရေ ကျေနပ်ဦးနော်
အနာဂတ်ခရီးအတွက် ရှေ့ကိုဆက် ကြင်နာသူရယ် လက်တွဲကြမယ်
လိုရာခရီးတစ်ခု ရောက်စေဖို့ မေ .. ခွန်အားများ ပေးပါ ချစ်သူရယ်


V2 - ရည်ရွယ်တာတွေ မပျောက်နိုင်ပြီ ပြန်ဆုံနိုင်ရန် အနီးဆုံး လှမ်းချင်တယ်
မျှော်လင့်ခြင်းများ အရောင်မပြောင်းလဲအောင် ကိုယ်လေကာကွယ် ထိန်းချုပ်ထားနိုင်ပြီ
ရင်ခုန်သံ အိပ်မက်များ ယုံကြည်စွာ မျှော်လင့်ထား
ရင်ခွင်မှာ ခိုလှုံဖို့အတွက် စောင့်နေဦး ချစ်သူရယ်


(Blue Wave)
20-7-1998

No comments: