Thursday, July 10, 2008

အသည်းကွဲအလင်းရောင်

အသည်းကွဲအလင်းရောင်

V1 - ကြွေလွင့်တော့မှန်း သိပေမယ့် ရူးသွပ်မတတ် ချစ်ခဲ့လေတော့လေ
ပေးဆပ်ခဲ့တဲ့ ဘ၀တစ်ခုအတွက် ပြန်ဆုံနိုင်ဖို့ လမ်းမမြင်
တို့အချစ်များ အတိုင်းအဆမဲ့ ဝေးလွင့်ခဲ့ပြီ

V2 - နူးညံ့လွန်းတဲ့ မင်းရဲ့အပြုံး ပေးခဲ့လည်း နှောင်းခဲ့လေတော့လေ
အေးစက်ခဲ့တဲ့ ဘ၀ရဲ့ခရီး တိမ်လိုလွင့်ပါးခဲ့ပြီ
အဆုံးမဲ့သော နှလုံးသွေးတို့ ရပ်တန့်ခဲ့တယ်

CHO: အသည်းကွဲအလင်းရောင်လေး မင်းလေးငါ့ကိုပေး
မဆုံးသောအချစ်တွေနဲ့ ချစ်ခဲ့မိပေမဲ့
ပိုင်ဆိုင်ချင်တာ အရာအားလုံး ဆုံနိုင်ရန် ဝေးသထက်ဝေးကာ
မမျှော်လင့်ရဲတဲ့ ငါ့ဘ၀ ပျောက်ကွယ်ပြီ

V3 - မင်းပေးခဲ့တဲ့ အလင်းရောင်လေး ကျောခိုင်းလို့ အဝေးသို့ လျှောက်လှမ်းတော့မယ်
တိတ်ဆိတ်လွန်းတဲ့ ညအမှောင်ထဲ အဖော်မပါ တကိုယ်ရေတည်း လျှောက်ကာ
ဦးတည်ရာမဲ့ အသည်းကွဲလို့ လမ်းစပျောက်ကွယ်

Blue Wave
26-10-1998

No comments: