Thursday, July 10, 2008

အမှောင်ထဲကနေ့

အမှောင်ထဲကနေ့

V1 - မျှော်လင့်ထားခဲ့သူ ရင်မှာ ဝေဒနာများစွာ နှိပ်စက်လို့ မဆုံးနိုင်
ရင်ခုန်သံများ အလှမ်းကွာဝေးဆဲ
ရှင်သန်နေ့များ ဘ၀မှာ တမ်းတရင်းဝေးကွာ
ကြင်နာသူ ဘယ်မှာလဲ အလွမ်းများနဲ့ အထီးကျန်နေ

CHO: အမှောင်ထဲကနေ့တွေ ကုန်လွန်ဖို့
မျှော်လင့်ရင်း ကိုယ်အသည်းကွဲဒဏ်
နာကျင်ခံစား အဟောင်း အသစ်အဖြစ်နဲ့
ရှောင်ခွာပြေး သူ ထားခဲ့တယ်
အရိပ်လို ကိုယ့်ကိုသူ စိုးမိုး
ချစ်သူရဲ့ အရိပ်များစွာ နှောက်ယှက်လို့ အိပ်မပျော်နိုင်

V2 - ထင်ကျန်ရစ်ခဲ့တယ် ဒဏ်ရာ တိမ်စိုင်များလို မျောလွင့်ရင်းနဲ့
ရာသီပေါင်းများစွာ ကျော်လွန်ရင်း အာရုံထဲ မမေ့နိုင် မင်းလေးရဲ့အပြုံး
မဆုံနိုင်ဝေးကွာ စွန့်ခွာသူ ထားခဲ့တယ်
ချစ်သူရဲ့အရိပ်များစွာ နှိပ်စက်လို့ အိပ်မပျော်နိုင်
တမ်းတလို့ အိပ်မပျော်နိုင်


(Copy)
Blue Wave
15:00
16-9-2005

No comments: