Wednesday, July 9, 2008

မျက်ရည်များနဲ့

မျက်ရည်များနဲ့

V1 - အချိန်လွန်မှ ကိုယ်လေရရှိတဲ့ အသိတရားများစွာ
ထင်ကျန်ခဲ့တဲ့ အမှားများက လုံးဝဖျောက်ဖျက်မရ
ပေတေလေလွင့်သမျှဟာ အမြဲတမ်း အမည်းစက်စွန်းထင်
ငါ့ဘ၀အတွက် အရာရာဟာ အားလုံးဆန့်ကျင်ဘက်

CHO: မျက်ရည်များနဲ့ နောက်ဆုံးမှာ ဝေးကွာခြင်းရဲ့ နိဒါန်းလာ
ဘ၀ရဲ့အမှား အဆုံးမှာ
မျက်ရည်များနဲ့ လမ်းခွဲချိန် နူတ်ဆက်ခြင်းတို့ ဆွံ့အနေ
မဆုံနိုင်တော့တဲ့ မနက်ဖြန်

V2 - ကြုံလာမှ ကိုယ်တိုင်တားမရတဲ့ အခက်အခဲများနဲ့
ဒဏ်ရာများသော နှလုံးသားတစ်ခု အဆုံးမဲ့ ရွက်လွှင့်ရင်း
ရင်မှာ မျှော်လင့်သမျှဟာ အခုတော့ တစ်စစီပဲ့ကြွေ
ငါ့ဘ၀အတွက် လိုချင်တာ မရဖို့ အသင့်ပြင်ထား

Blue Wave
4-1-1999

No comments: