Thursday, July 24, 2008

photo(9) Asia World သူငယ်ချင်းများနှင့် အမှတ်တရ





photo(8) မြိတ်မှာတုန်းက အမှတ်တရ

photo(7) Asia World ဆိပ်ကမ်းမှာတုန်းက အမှတ်တရ

photo(6) AGTI တုန်းက သူငယ်ချင်းများ





photo(5) my friend, tun tun naing တနင်္သရီမြို့မှာ သူငယ်ချင်း ထွန်းထွန်းနိုင်နဲ့ အမှတ်တရ

photo(4) မြိတ်မှာ အမှတ်တရ


photo(3) Asia World ဆိပ်ကမ်းမှာတုန်းက သူငယ်ချင်း ဇော်ထွေးနဲ့ အမှတ်တရ

vedio(2) lady with long hair ဆံပင်ရှည်ကောင်မလေး



ဆံပင်ရှည်ကောင်မလေး

photo(2) ဒုတိယနှစ် AGTI စာမေးပွဲဖြေပြီး သူငယ်ချင်းများနှင့် အမှတ်တရ

photo

Wednesday, July 16, 2008

ပြန်ခဲ့မှာလား

ပြန်ခဲ့မှာလား

V1 - ပြန်ခဲ့မဲ့ အချိန်တွေကို ယုံကြည်စွာစောင့်နေ
ကျန်ရစ်သူ့ ဘ၀မှာ ဝေဒနာတွေ အပြည့်ပါ
မင်းနဲ့ဝေးသွားချိန်လေး မျှော်လင့်ချက်များစွာ
တဖြည်းဖြည်း လွင့်ပျောက်ခဲ့ပြီ

V2 - အိပ်မက်တို့ရင်မှာ ထာဝစဉ်တွယ်ငြိနေ
ကိုယ်လျှောက်တဲ့ လမ်းပေါ်မှာ ငွေရောင်လမင်းငယ်
ထွန်းလင်းတောက်ပချိန်လေး တိမ်မည်းတွေ ဖုံးကွယ်
မင်း ဘယ်ဆီပျောက်သွားလဲ

CHO: ပြန်ခဲ့မှာလား ပြန်ခဲ့ပါတော့
ရင်ထဲမှာ မင်းအတွက်နဲ့ လွမ်းမျက်ရည်ဝဲ
ပြန်ခဲ့မှာလား ပြန်ခဲ့ပါတော့
တမ်းတကြေကွဲမိတယ် တို့နှစ်ယောက် ဘ၀လေးများ
( ပြန်ခဲ့မှာလား )၂ / ပြန်ခဲ့ပါတော့ မင်းလေးအနားကို
ကျန်ခဲ့သူ အလွမ်းနေ့တွေ လွင့်မျောဆဲမှာ
အလိုအပ်ဆုံးဟာ မင်းတစ်ယောက်တည်းပါ
မင်းပြန်မဲ့ နေ့ကို မျှော်နေဆဲပါ

Solo:
(CHO:)

V3 - ပြန်ခဲ့မဲ့အချိန်ကို ယုံကြည်စွာ စောင့်မယ်
မျှော်လင့်သူ့ရင်မှာ တုန်ရီလှိုက်မော
တမ်းတမှန်းဆ မျှော်မှန်း ဘယ်အရပ်မှာ ရောက်နေနေ ပြန်သာလာခဲ့ပါ
(CHO:)
ပြန်လာခဲ့ပါ ချစ်သူလေးရယ်
မင်းလေးပြန်မဲ့နေ့ကို မျှော်လင့်ဆဲပါ

(Copy)
Blue Wave
2-1-2002


( ဒီသီချင်းလေးမူရင်းက တရုတ်သီချင်းပါ။
မိန်းခလေး ဆိုထားတာ။
သံစဉ်လေးကြိုက်လို့ ရေးဖြစ်တာပါ။ )

မခွဲအတူ

မခွဲအတူ

V1 - တို့နှစ်ယောက် ဘ၀အတူတူ အနာဂတ်ခရီး အားအင်အပြည့်
နှစ်သိမ့်မှု အပြန်အလှန် ကြင်နာခြင်း သက်သေတစ်ခု
တည်ဆောက်မဲ့ ဘ၀မှာ အမုန်းတွေမပါ
တို့နှစ်ဦးတိုင်တည်လို့ တို့အတူ လျှောက်လှမ်းရမဲ့
ဘ၀လမ်းခရီးမှာ မခွဲတမ်း ထာဝရအမြဲ

V2 - နွေးထွေးမှု ဝေယူ တည်ငြိမ်တဲ့ ဘ၀ငယ်တစ်ခု
အချစ်တစ်ခုအတွက် ရင်ဆိုင် ကြုံလာမဲ့ ဘ၀ဒဏ်များ
ကိုယ်ပေးဆပ်ရင်းလေ အချစ်တွေဟာ
ရင်ထဲရှင်သန်လို့ တို့အတူ ဖြတ်သန်းရမဲ့
ဘ၀လမ်းခရီးမှာ မခွဲတမ်း ထာဝရအမြဲ

R.F; အလွမ်းမဲ့ခြင်းရဲ့နေ့များ အတူ ရယူခံစား
အားမာန် အမြဲအပြည့်နဲ့ အတူလှမ်းယူမဲ့ ဘ၀အသစ်ရဲ့ အနာဂတ်

V3 - အနမ်းပန်းတစ်ပွင့် ခြွေယူ အရာရာတိုင်း ခဏတာမေ့
အလွမ်းအဆွေးများ အနိုင်ယူ ရင်ဆိုင်မဲ့ မေတ္တာများ
အို.. ငြိမ်းချမ်းမှုနယ် အချစ်တွေအလယ်
တို့နှစ်ဦး ရှင်သန်လို့ တို့အတူ တည်ဆောက်ရမဲ့
ဘ၀လမ်းခရီးမှာ မခွဲတမ်း ထာဝရအမြဲ
တို့နှစ်ဦးမေတ္တာ မပျက်စီးရအောင် မခွဲတမ်း ထာဝရအမြဲ
တို့နှစ်ဦးသစ္စာ မပျက်စီးရအောင် အမြဲတူ နားလည်ထား

(Copy)
Blue Wave
17:2021-9-2005

အဆုံးမဲ့ ခရီးသည်

အဆုံးမဲ့ ခရီးသည်

V1 - ကမ္ဘာမြေထက်က ခရီးသည်တစ်ယောက် စိတ်ကူးများနဲ့ ရွက်လွင့်ရင်း
ဘယ်ဆီမှန်းလည်း မသိတဲ့ ခရီးစဉ်မှာ ရည်ရွယ်ရာတွေမဲ့နေပြီ
အချိန်နာရီတွေ ပျောက်ဆုံးခဲ့တယ် ရင်ခုန်နှုန်းများ ရပ်တန့်သွား
နောက်ဆုံးအနမ်းများ အေးစက်ခဲ့ပြီ ခံနိုင်ရည်တွေ မရှိတော့ဘူး

CHO: အဝေးဆုံးဝေသွားတဲ့ တို့ဘ၀ ပိုင်ဆိုင်ခြင်းများ ရှုံးနိမ့်သွား
အမုန်းများက ကြမ်းတမ်းလွန်းတယ် ပျောက်ဆုံး
ရင်ခုန်ခဲ့တဲ့ ဘ၀အိပ်မက်အရိပ်တို့ ကမ္ဘာမြေအဆုံးထိ ခြောက်လှန့်ဆဲ
အဝေးဆုံးလှမ်းခဲ့တဲ့ တို့ဘ၀ နောက်ဆုံး

V2 - ရင်ဆိုင်ရဲတဲ့ နေ့ရက်များ အဝေးဆုံးမျောလွင့်သွား
ရည်ရွယ်ထားသမျှ အမည်းစက်စွန်းထင် ရင်ခုန်သံတွေ ပျောက်ကွယ်ပြီ
ဒဏ်ရာတွေသာ ထာဝရစွဲထင် မျှော်လင့်ခြင်းများ ရူးသွပ်သွား
ဒီခရီးများက အဆုံးသတ်မရပြီ ခံနိုင်ရည်တွေ မရှိတော့ဘူး
( မင်းလေးနဲ့ ဝေးသွားတဲ့ တို့ဘ၀ရဲ့ အနာဂတ်ရင်ခုန်သံတွေဟာ
ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်တော့မှာလဲ နောက်ဆုံးပဲ )

( Copy of Bonjovi )
Blue Wave
1995

Friday, July 11, 2008

နှင်းဆီ .... သို့

နှင်းဆီ .... သို့

V1 - တောက်ပခဲ့တဲ့ မိုးသားထက်မှာ မင်းဘ၀ပျော်ပါစေ
အစွန်းအထင်းမရှိတဲ့ မင်းရဲ့ဘ၀မှာ မှေးစက်အနားယူဦး
သာယာသံစဉ် တေးသားများဟာ မင်းအတွက် ရည်ရွယ်တယ်
ကိုယ်ဆိုနေတဲ့ သီးချင်းလေးထက်မှာ မင်းလေး အမောဖြေဦး

CHO: အို .. နှင်းဆီရယ် မိုးအမြင့်ထက်မှာ ပျော်လို့နေကွယ်
ချစ်သူရယ် တို့ဘ၀ထဲကို မခေါ်ရက်ပါတယ်
ဒီလိုအခြေအနေတွေကြောင့်သာ အလှမ်းဝေးလို့နေပြီကွယ်
ဝေပါစေ ကြွေပါစေ တို့အတွက် မျှော်လင့်ဆဲ

V2 - ပင်ယံမှာလေ ဆူးများဝန်းရံ ခူးဆွတ်ဖို့ မလွယ်ကူတယ်
ရင်ဆိုင်ကာကွယ် စောင့်ရှောက်ဖို့အတွက် ဆူးတစ်ခက်ဖြစ်ချင်ရဲ့
အခြေအနေမတူတဲ့ မင်းနဲ့တို့ဘ၀ မိုးနဲ့မြေပြင်ပဲ
မညီညာနိုင်တဲ့ တို့ဘ၀လမ်းဟာ မင်းအတွက် လျှောက်နိုင်မလား

Blue Wave
25-7-1998

Thursday, July 10, 2008

အတိတ်ရဲ့ အိပ်မက်

အတိတ်ရဲ့ အိပ်မက်

V1 - အရင်တစ်ချိန် ဒီနေရာလေး အတူတူ ဆုံတွေ့ဖူးခဲ့တယ်
ရင်ခုန်သံတွေနဲ့ အတူတူ ပျော်ဖူးတဲ့ဘ၀ကို
ပြန်လည်ကာ မှန်းဆလွမ်းရင် အိပ်မက်များကို တမ်းတခဲ့
အရင်ချိန်လေးကို တွေးလို့ မဆုံးတမ်း

V2 - ကြာပြီဆိုပေမဲ့လည်း ရင်မှာ ကိုယ်အမြဲ အမှတ်ရတယ်
နှစ်ကိုယ်တူ ထာဝရ မခွဲတမ်း အတူတူ လက်တွဲဖို့မှန်းလည်း
ကံကြမ္မာရယ် ရက်စက်ခဲ့ပြီ ရင်ခုန်ခြင်းတွေ ဝေးလွင့်ခဲ့
ကိုယ် မျှော်လင့်ခြင်းတွေ ဝေးလို့ပျောက်ဆုံး

CHO: ဟိုးတုန်းအချိန်များမှာ အတူပျော်ဖူးတာတွေ ပြန်တမ်းတ
တို့ရဲ့ဘ၀များဟာ ဝေးနေပြီ
အတိတ်ရဲ့အိပ်မက်မှာ ပြန်ဆုံတွေ့ခွင့်ရနိုင်တော့
နောက်ဆုံးတော့လေ ငါဟာ အတိတ်ကို ပြန်ရောက်သွား

V3 - အနည်ထိုင်နေတဲ့ ဘ၀တစ်ခု အလွမ်းတွေသာ ကျန်ရစ်စိုးမိုးဆဲ
ရင်ခုန်သံတွေ မရပ်သရွေ့တော့ တို့ရင်မှာ မျှော်လင့်ချက်ရှိတယ်
ယုံကြည်ရာ အားလုံးစတေးလို့ အိပ်မက်များကို တမ်းတခဲ့
ရှင်သန်တဲ့ မင်းအရိပ်တွေ ကိုယ့်အနားမှာ

Solo:
CHO: + V3


Blue Wave
10:21 a.m
16-8-2002

အသည်းကွဲအလင်းရောင်

အသည်းကွဲအလင်းရောင်

V1 - ကြွေလွင့်တော့မှန်း သိပေမယ့် ရူးသွပ်မတတ် ချစ်ခဲ့လေတော့လေ
ပေးဆပ်ခဲ့တဲ့ ဘ၀တစ်ခုအတွက် ပြန်ဆုံနိုင်ဖို့ လမ်းမမြင်
တို့အချစ်များ အတိုင်းအဆမဲ့ ဝေးလွင့်ခဲ့ပြီ

V2 - နူးညံ့လွန်းတဲ့ မင်းရဲ့အပြုံး ပေးခဲ့လည်း နှောင်းခဲ့လေတော့လေ
အေးစက်ခဲ့တဲ့ ဘ၀ရဲ့ခရီး တိမ်လိုလွင့်ပါးခဲ့ပြီ
အဆုံးမဲ့သော နှလုံးသွေးတို့ ရပ်တန့်ခဲ့တယ်

CHO: အသည်းကွဲအလင်းရောင်လေး မင်းလေးငါ့ကိုပေး
မဆုံးသောအချစ်တွေနဲ့ ချစ်ခဲ့မိပေမဲ့
ပိုင်ဆိုင်ချင်တာ အရာအားလုံး ဆုံနိုင်ရန် ဝေးသထက်ဝေးကာ
မမျှော်လင့်ရဲတဲ့ ငါ့ဘ၀ ပျောက်ကွယ်ပြီ

V3 - မင်းပေးခဲ့တဲ့ အလင်းရောင်လေး ကျောခိုင်းလို့ အဝေးသို့ လျှောက်လှမ်းတော့မယ်
တိတ်ဆိတ်လွန်းတဲ့ ညအမှောင်ထဲ အဖော်မပါ တကိုယ်ရေတည်း လျှောက်ကာ
ဦးတည်ရာမဲ့ အသည်းကွဲလို့ လမ်းစပျောက်ကွယ်

Blue Wave
26-10-1998

အဆုံးမသတ်တဲ့ နေ့ရက်များ

အဆုံးမသတ်တဲ့ နေ့ရက်များ

(ဝေဒနာတွေနဲ့ လွမ်းမော အဆုံးမသတ်တဲ့ နေ့ရက်များ )

(*) - သတိရတဲ့နေရာလေးမှာ တို့ဘ၀လေး မှိုင်တွေငေးကာ
အဆုံးမသတ်တဲ့ အချိန်တွေတိုင်းမှာ မင်းအကြောင်းများ ကိုယ်လေတွေးနေ

V1 - စိတ်ကူးများနဲ့ပဲ ရူးတော့မယ် ကြင်နာသူအချစ်ရယ်
ဘယ်ဆီမှန်း မသိတဲ့ အချစ်တွေနဲ့ ရူးမယ်
မပိုင်ဆိုင်နိုင်ခဲ့တဲ့ တို့ဘ၀လေး (*)

V2 - မျှော်လင့်ချက်နဲ့ပဲ ဆွေးရပြီ ရေမြေတွေဆုံးပါစေ
ရင်မှာအမြဲ တမ်းတမိနေတယ် မဆုံးနိုင်
ကိုယ်ကြေကွဲရမဲ့ နေ့ရက်များ (*)

V3 - ခြောက်ခမ်းသွားခဲ့သော တို့အချစ်တွေ ရေစုန်မှာမျောပြီ
ရှင်သန်တဲ့ တို့ဘ၀အိပ်မက်များ ပျောက်ကွယ်
မရေရာတဲ့ မင်းရဲ့အဆုံးမဲ့စကား (*)

(**) - မေ့မရတဲ့ နေရာလေးမှာ အိပ်မက်တို့ ရှည်ကြာလွန်းစွာ
အဆုံးမဲ့တဲ့ အချိန်တွေတိုင်းဟာ
ကိုယ်ကြေကွဲရမဲ့ နေ့ရက်များ အချစ်ရယ် ကိုယ်ခံစားရမဲ့ နေ့ရက်များ


Blue Wave
2-9-1998


အမှောင်ထဲကနေ့

အမှောင်ထဲကနေ့

V1 - မျှော်လင့်ထားခဲ့သူ ရင်မှာ ဝေဒနာများစွာ နှိပ်စက်လို့ မဆုံးနိုင်
ရင်ခုန်သံများ အလှမ်းကွာဝေးဆဲ
ရှင်သန်နေ့များ ဘ၀မှာ တမ်းတရင်းဝေးကွာ
ကြင်နာသူ ဘယ်မှာလဲ အလွမ်းများနဲ့ အထီးကျန်နေ

CHO: အမှောင်ထဲကနေ့တွေ ကုန်လွန်ဖို့
မျှော်လင့်ရင်း ကိုယ်အသည်းကွဲဒဏ်
နာကျင်ခံစား အဟောင်း အသစ်အဖြစ်နဲ့
ရှောင်ခွာပြေး သူ ထားခဲ့တယ်
အရိပ်လို ကိုယ့်ကိုသူ စိုးမိုး
ချစ်သူရဲ့ အရိပ်များစွာ နှောက်ယှက်လို့ အိပ်မပျော်နိုင်

V2 - ထင်ကျန်ရစ်ခဲ့တယ် ဒဏ်ရာ တိမ်စိုင်များလို မျောလွင့်ရင်းနဲ့
ရာသီပေါင်းများစွာ ကျော်လွန်ရင်း အာရုံထဲ မမေ့နိုင် မင်းလေးရဲ့အပြုံး
မဆုံနိုင်ဝေးကွာ စွန့်ခွာသူ ထားခဲ့တယ်
ချစ်သူရဲ့အရိပ်များစွာ နှိပ်စက်လို့ အိပ်မပျော်နိုင်
တမ်းတလို့ အိပ်မပျော်နိုင်


(Copy)
Blue Wave
15:00
16-9-2005

ထာဝရ အလင်းရောင်

ထာဝရ အလင်းရောင်

V1 - အိပ်မရတဲ့ညမိုက်တို့ အမြဲတမ်းပဲ နှိပ်စက်လို့
အတွေးများလည်း အဆုံးမသတ်နိုင်တယ်
တေးသားများ နိုးထလို့ မင်းအကြောင်းများရေးဖွဲ့လို့
သီချင်းတစ်ပုဒ် မဆုံးနိုင်တယ်

Ref; ယုံကြည်ပါ လမင်းငယ် အမြဲတမ်းပဲ တမ်းတနေမိပြီ
မျှော်လင့်ထားတဲ့ နေ့ရက်များကို
ငြိမ်းချမ်းလို့ လှပဖို့ အိပ်မက်တို့ စိုးမိုးနိုင်လွန်းတယ်

CHO: ထာဝရအလင်းရောင် ကိုယ့်ဘ၀လေး လှပစေဖို့
ထာဝရအလင်းရောင် ထွန်းလင်းလိုက် ကိုယ့်ဘ၀အမှောင်ထဲ
ထာဝရအလင်းရောင် တမ်းတရင်း ရူးသွပ်ခဲ့
နှလုံးသားလေး လွမ်းဆွတ်လို့ အားလုံးပဲ အဆုံးသတ်နိုင်မလား

V2 - ကြမ်းတမ်းတဲ့လမ်းများထက် လှမ်းလျှောက်ခဲ့အားများမဲ့
ခရီးဆုံးထိ လျှောက်နိုင်ပါ့မလား
မင်းအချစ်တို့ ရရှိမှ နှလုံးသားလေး လန်းဆန်းလို့
အားများအပြည့် ရှေ့ဆက်နိုင်မယ်

Blue Wave
10-5-1999

ပျောက်ဆုံးခြင်း

ပျောက်ဆုံးခြင်း

V1 - အဝေးထွက်သွားတဲ့ အချိန်ကစလို့ တမ်းတရင်းနဲ့ ကြေကွဲဆဲ
ဘယ်အချိန်မှာများ ကိုယ့်ရှေ့ရောက်လာမလားလို့ မျှော်လင့်ရင်းနဲ့ လွမ်းနေမယ်

CHO-1: နင်ပေးတဲ့အနမ်းတွေ ပျောက်ဆုံးခဲ့ပြီ အသည်းကွဲခြင်းရဲ့ နိဒါန်းများ
အတိတ်ခြေရာ ဘ၀ကိုနင်းဖျက်ပြီ မျှော်လင့်ခြင်းများ မင်းရဲ့ဆီ
ငါ့ဘ၀ နင်ပေးတဲ့အလွမ်းတွေ အဆုံးမဲ့ ထားရစ်ခဲ့တဲ့ အိပ်မက်များ
တိမ်တွေလို ငါ့ဘ၀လည်း မျောလွင့်ချိန် ရင်ခုန်ခြင်း ဝေးနေတယ်
မျှော်လင့်ခြင်း တစစီကြွေ

V2 - ချန်ထားရစ်တဲ့ ဂတိစကားတစ်ခုဟာ အခိုးအငွေ့တစ်ခုအဖြစ် ပျောက်ဆုံးသွား
ဒဏ်ရာဝေဒနာခံစား ပိုကာ တိုးလို့လေ
မယုံနိုင်အောင်ကြုံကာနေ ထွက်ပြေးသွား ဟိုးအဝေးဆီ

CHO-2: ငါ့ရဲ့နှလုံးသွေးများ မြစ်တစ်ခုလိုဖြစ်ကာ စီးဆင်း
အမှောင်မိုက်ဆုံး ဘ၀ရဲ့ခရီးတစ်ခု လျှောက်လှမ်းဆဲ
မသေချာတဲ့ မျှော်လင့်ချက်များ ပျောက်ဆုံးကာ အဝေးဆုံး
ခံစားတဲ့ ဒီဝေဒနာ အဆုံးသတ်တစ်ခု ရှိပါ့မလား

*( ရင်ခုန်သံ ၀ိုးတ၀ါးလည်း အို .. မနားတမ်း
သွေးပျက်ခြောက်လှန့် အကြိမ်ပေါင်းမနည်း
အမြဲတမ်း ဆုံဖူးတဲ့ဘ၀ကို တမ်းတ / တမ်းတရင်း ရှင်သန်ခဲ့တဲ့နေ့တွေထဲ
ရင်ခုန်သံများ လှိုက်စားဆဲ အို..အကြင်နာများ ဝေးနေပြီ /
ရင်ခုန်သံရဲ့ အစိတ်အပိုင်းများ မဆုံနိုင် အားလုံးပျောက်ကွယ်ပြီ

CHO-3: အဆိုးများ ၀င်လာတယ် အရိပ်တွေတားဆီးလို့ ငါချိုးဖောက်ထွက်လို့ မရနိုင်တာ
အမှောင်ယံမှာ လျှောက်ရမဲ့လမ်း မသေချာ
အဆွေးများ ရင်ထဲအရောက် ဝေဒနာ အလွမ်းအမောများ ငါအားလုံးသိမ်းပိုက်ခဲ့ပြီလေ
ရှုံးနိမ့်နေသူမှာ အရာရာ ဝေးလွင့်ခဲ့ပြီလေ

Blue Wave
24-7-2005


( မူရင်းက Bonjovi ရဲ့သီချင်းပါ။ ဒီသီချင်းကို ဆိုဖို့လည်းမလွယ်ပါဘူး။
ဒါပေမယ့် အရမ်းကြိုက်လို့ ရေးဖြစ်လိုက်တာပါ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းနားက
သဇင်တန်ပေါက်တံတားမှာ သွားပြီးအလုပ်လုပ်တုန်းက ရေးဖြစ်ခဲ့တာပါ။ အမှတ်တရပေါ့။ )


Wednesday, July 9, 2008

ရှင်သန်ပျံ့နှံ့ ပြည်ထောင်စုစိတ်ဓာတ်

ရှင်သန်ပျံ့နှံ့ ပြည်ထောင်စုစိတ်ဓာတ်

V1 - တို့ပြည်ထောင်စုအမွေ ထာဝစဉ် ထိမ်းသိမ်းရမယ်လေ
အမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုအမွေ မပျက်စီးစေဖို့လေ
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
ဒီအမျိုးသားရေး မူဝါဒကို တိုင်းရင်းသားအားလုံး စောင့်ရှောက် ကာကွယ်မယ်

V2 - တို့နိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှုတွေနဲ့
ခေတ်မီဖွံ့ဖြိုး အစဉ်တိုးမှုကို မဖျက်ဆီးနိုင်ဖို့လေ
ယုံကြည်မှု မပြိုလဲပဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အင်အားများနဲ့
အဖျက်ရန် မှန်သမျှ လက်တွဲချေမှုန်းကြမယ်
ငြိမ်းချမ်းရေးရှင်သန်ဖို့ရာ တိုင်းရင်းသားအားလုံး တွဲလက်ခိုင်မာမယ်

CHO: ညီနောင်သားချင်းများရယ် ရိုင်းပင်းကြမယ် ချစ်ခင်ညီညွတ်မယ် / တို့ပြည်ထောင်အတွင်းမှာ
စာနာမှုနဲ့ထပ်တူ တစ်ဦးနဲ့တစ်ဦးအပေါ် သံယောဇဉ် ခိုင်မြဲမယ်
ထာဝစဉ်တည်နေမယ် ပြည်ထောင်စုစိတ်ဓာတ်များရယ်
တို့သွေးချင်းကြားမှာ ပျံ့နှံ့လို့သာ အမြဲတမ်း ရှင်သန်နေမယ်

Blue Wave
ဆို - ခိုင်ဝါ


( ဒီသီချင်းလေးက ပြည်ထောင်စုနေ့အတွက် ရေးထားတာပါ။
မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွင့်ပြီးပါပြီ။ )

မျက်ရည်များနဲ့

မျက်ရည်များနဲ့

V1 - အချိန်လွန်မှ ကိုယ်လေရရှိတဲ့ အသိတရားများစွာ
ထင်ကျန်ခဲ့တဲ့ အမှားများက လုံးဝဖျောက်ဖျက်မရ
ပေတေလေလွင့်သမျှဟာ အမြဲတမ်း အမည်းစက်စွန်းထင်
ငါ့ဘ၀အတွက် အရာရာဟာ အားလုံးဆန့်ကျင်ဘက်

CHO: မျက်ရည်များနဲ့ နောက်ဆုံးမှာ ဝေးကွာခြင်းရဲ့ နိဒါန်းလာ
ဘ၀ရဲ့အမှား အဆုံးမှာ
မျက်ရည်များနဲ့ လမ်းခွဲချိန် နူတ်ဆက်ခြင်းတို့ ဆွံ့အနေ
မဆုံနိုင်တော့တဲ့ မနက်ဖြန်

V2 - ကြုံလာမှ ကိုယ်တိုင်တားမရတဲ့ အခက်အခဲများနဲ့
ဒဏ်ရာများသော နှလုံးသားတစ်ခု အဆုံးမဲ့ ရွက်လွှင့်ရင်း
ရင်မှာ မျှော်လင့်သမျှဟာ အခုတော့ တစ်စစီပဲ့ကြွေ
ငါ့ဘ၀အတွက် လိုချင်တာ မရဖို့ အသင့်ပြင်ထား

Blue Wave
4-1-1999

Tuesday, July 8, 2008

လုပ်ချင်တာတွေ လုပ်ကြည့်တာပါ။

ကျွန်တော် ဂီတနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်ဝင်စားပါတယ်။
ဝါသနာပါတယ်ဆိုပါတော့။
ဒါကြောင့် ဂီတနဲ့ပတ်သက်ပြီး ကျွန်တော်လုပ်နိုင်တာလေးတွေ လုပ်ဖြစ်ခဲ့တယ်။
ကဗျာ နည်းနည်းပါးပါးရေးတယ်။
သီချင်းတွေတော့ ပိုပြီးရေးဖြစ်ခဲ့တယ်။
ကိုယ်ပိုင်သံစဉ်လည်း ပါတယ်။ ကော်ပီလည်းပါတယ်။
ဂစ်တာ၊ ကီးဘုတ်နဲ့ ဒရမ်လည်း နည်းနည်းပါးပါး တီးတတ်တယ်။
vedio နဲ့ music software လည်း မတောက်တခေါက်တတ်တယ်။
ဒီတော့ သီချင်းတစ်ပုဒ် ဖန်တီးဖို့အတွက် ကျွန်တော် နည်းနည်းလုပ်နိုင်တယ် ဆိုပါတော့။
ဒါကြောင့် ကျွန်တောဝါသနာပါလို့ လုပ်ထားတာလေးတွေကို Blog ပေါ်မှာ တင်ကြည့်တာပါ။
အမှားပါရင်လည်း သည်းခံပါ။
ကျွန်တော် ၀ါသနာပါတာကိုတော့ အချိန်တစ်ခုရရင် ဆက်လုပ်နေဦးမှာပဲ။
နည်းတာ၊ များတာပဲ ရှိမယ်။
ကျွန်တော်လုပ်တတ်တာလေးတွေ လုပ်ကြည့်တာပါ။


Blue Wave

အကြင်နာမိုးစက်များ

အကြင်နာမိုးစက်များ

V1 - အတွေးများလည်း မျောလွင့် ငါ့စိတ်ကူးတွေ ပြယ်လွင့်နေ
ဒဏ်ရာများနဲ့ ငါ့စိတ်ကူးတို့ ပျောက်ဆုံး
ငါ့ရဲ့အချစ် ငါ့ရဲ့အလွမ်းများအကြောင်း မင်းသိစေချင်တယ် အချစ်လေးရယ်
ယုံကြည်ချက်တို့ ရှိနေသရွေ့တော့ မျှော်လင့်ထား
အကြင်နာမိုးစက်များ .....

V2 - အပြစ်မဲ့အနမ်း အကောင်းဆုံးတမ်းတလည်း
အဆိပ်သင့်ခဲ့ရင်လည်း ကျေနပ်တယ်
လိုချင်ခဲ့တဲ့ မင်းအဖြေစကားတို့ ပျောက်ဆုံး
မဆုံအောင်ခြားထားတဲ့ အတားအဆီးများ
အလွမ်းများရင်းကာ ချေဖျက်မယ်
အချိန်တွေအားလုံး နောက်မပြန်သရွေ့တော့ မျှော်လင့်ထား
အကြင်နာမိုးစက်များ .....


Blue Wave

Saturday, July 5, 2008

vedio truth of my life ဘ၀ရဲ့သစ္စာ



ဘ၀ရဲ့သစ္စာ

မင်းအရိပ်လို

မင်းအရိပ်လို

V1 - ချည်နှောင်ရစ်ပတ်ခဲ့တဲ့ သံယောဇဉ် တစ်စတစ်စ တိုးလာ
ရုန်းထွက်မရနိုင်ဘူး မင်းအရိပ်အောက်မှာ
နက်ရှိုင်းတဲ့မေတ္တာနဲ့ ချစ်မိတဲ့ငါ့အချစ်ကို
ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူးအချစ်ရယ်


Ref; မင်းအနားမှာ ကိုယ်ရစ်ဝဲ
ပျံသန်းတဲ့ အချစ်ဝိညာဉ် ငြိတွယ်နေပြီပဲ

CHO: မင်းရဲ့အနားမှာပဲ အရိပ်ကလေးလို
ဘယ်သွားသွား လိုက်နေအမြဲ သက်ဆုံးတိုင်
မက်မောငြိတွယ်တဲ့ မင်းရဲ့နူတ်ခမ်းလေး /
စောင့်စားမိနေတဲ့ မင်းအဖြေစကားများ
မျှော်လင့်နေသူ တို့ဘ၀နားလည်ပါ

V2 - လိုချင်တမ်းတမိတဲ့ မင်းမျက်ဝန်းလေးများဟာ
ဆွဲအားတစ်ခုလိုပဲ မင်းအကြည့်အောက်မှာ
ရှောင်ပုန်းဖို့အားအင်မဲ့ စိုးမိုးတဲ့မင်းအရိပ်တွေ
ဘယ်တူတားတား ချစ်နေအမြဲ သက်ဆုံးထိရွယ်

Blue Wave
22-11-2003

အနာဂတ်ခရီး

အနာဂတ်ခရီး

V1 -
နေ၀င်ချိန်ကို မစောင့်နိုင်ပြီ ကြင်နာသူဆီ အပြေးကလေး လှမ်းချင်တယ်
ရင်မဆိုင်ရဲတဲ့ နေ့ဆိုးများ ကိုယ်လေရင်ဆိုင် ရုန်းထွက်လွတ်နိုင်ပြီ
ဝေဒနာ အမှောင်အမိုက်များ ဒဏ်ရာတွေကို ဖယ်ရှား
ရင်ခွင်မှာ ခိုလှုံဖို့အတွက် စောင့်နေဦး ချစ်သူရယ်


CHO: ကိုယ်လေအနီးဆုံး လှမ်းလာမယ် ဝေဒနာအားလုံး ရုပ်သိမ်းပြီးတော့
ကိုယ်လေ ဆိုးသမျှ တောင်းပန်မယ် ကြင်နာသူရေ ကျေနပ်ဦးနော်
အနာဂတ်ခရီးအတွက် ရှေ့ကိုဆက် ကြင်နာသူရယ် လက်တွဲကြမယ်
လိုရာခရီးတစ်ခု ရောက်စေဖို့ မေ .. ခွန်အားများ ပေးပါ ချစ်သူရယ်


V2 - ရည်ရွယ်တာတွေ မပျောက်နိုင်ပြီ ပြန်ဆုံနိုင်ရန် အနီးဆုံး လှမ်းချင်တယ်
မျှော်လင့်ခြင်းများ အရောင်မပြောင်းလဲအောင် ကိုယ်လေကာကွယ် ထိန်းချုပ်ထားနိုင်ပြီ
ရင်ခုန်သံ အိပ်မက်များ ယုံကြည်စွာ မျှော်လင့်ထား
ရင်ခွင်မှာ ခိုလှုံဖို့အတွက် စောင့်နေဦး ချစ်သူရယ်


(Blue Wave)
20-7-1998

ကြည်ညိုဖွယ်ရာ နှီးဘုရား


သူငယ်ချင်းများနဲ့ - ၃

ရုံးမတက်မီ ဖယ်ရီစောင့်နေစဉ်

သူငယ်ချင်းများနဲ့ - ၂


သူငယ်ချင်းများနဲ့


ကိုးဆူဘုရာမှာ အမှတ်တရ


လှေခွင်းတောင်စေတီ (ရွှေလှေ၊ ငွေလှေ)


လှေခွင်းတောင်မှာ အမှတ်တရ





ပေးဆပ်ခြင်း

ပေးဆပ်ခြင်း

V1 - ပြောင်းလဲသွားတဲ့ နေ့ညများထဲ ဟောင်းနွမ်းမသွားမဲ့ အချစ်တစ်ခု ရှင်သန်ဆဲ
ဆွဲအားအပြည့်နဲ့ မင်းမျက်ဝန်းများ စွဲလမ်းရင်းနဲ့ မင်းအတွက်ဆိုရင်လေ
ချစ်မယ်ဆို အစွန်းရောက် ချစ်မယ်
မှားမယ်ဆို သိလျက်မှားနေမယ်


CHO: တမ်းတတဲ့အနမ်း နှလုံးသားနဲ့လွမ်း လျှောက်ရမဲ့ လမ်းထက်မှာ
နေ့သစ်အတွက်အလင်း ငါ့အတွက်တော့မင်း
အဆုံးသတ်တော့ သီချင်းနဲ့ပဲ ကြွေနေမယ်
အရာရာကို ပေးဆပ်နိုင်တယ် တစ်ယောက်သော မင်းအတွက်ပါ
မျှော်လင့်ထားတဲ့ ငါ့ဘ၀ နားလည်ပါ

V2 - ဟောင်းနွမ်းသွားတဲ့ နေ့ရက်များထဲ စွန့်ပစ်ခဲ့မယ့် သောကဝေဒနာတွေ
နှိုင်းဆမရတဲ့ အချစ်စိတ်တို့နဲ့
ချစ်ခဲ့မိလို့ မင်းအတွက်ဆိုရင်လေ / ချစ်မိခဲ့တဲ့ ဘ၀တစ်ခုစာနာပါ
လှမ်းဆိုရင် ခလုတ်ထိခဲ့ပါစေ မင်းစေရာ တို့လျှောက်လှမ်းနေမယ်

Blue Wave
15-6-1999

ဘောလုံးသမား


ဘောလုံးသမား

မိုးရွာထဲ ဘောလုံးကန်
ခြေထောက်မှာ ဒဏ်ရာရ
ကြွပေဦးတော့ ဆေးခန်း
“နာတယ်”လို့ အရမ်းမအော်နဲ့
ကမြင်းချင်တဲ့ ငမိုက်သား
မှတ်လောက်အောင်ထား ။ ။


( blue wave)

တမ်းတခြင်း

တမ်းတခြင်း

ပန်းပွင့်လေးကို ခြွေ
ချစ်သူဆံထက် ပန်းကိုစေ
သိပ်လှလွန်းတယ် မေ ။ ။


( blue wave)

မျှော်လင့်ခြင်းမဲ့ ရင်ခုန်သံ

မျှော်လင့်ခြင်းမဲ့ ရင်ခုန်သံ

အကြည့်ချင်း ဆုံ
ရင်ခုန်ရလည်း
တို့နှစ်ဦးကြား
စည်းတစ်ခု ခြားနေလို့
ရင်ထဲမှာပဲ
တိတ်တိတ်လေး ရေရွတ်နေရတယ်
“ သိပ်ချစ်တယ် ” ညီမလေးရယ် ။ ။


( blue wave)

ရေပန်း၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)



ဆင်စခန်း၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)













ဆင်စခန်းမှာ အမှတ်တရ

ဆင်ရုပ်ကြီးနဲ့အတူတူ












ဆင်ရုပ်ကြီးနဲ့အတူတူ

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)














တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှာ အမှတ်တရ

ဆံပင်ရှည်ကောင်မလေး

ဆံပင်ရှည်ကောင်မလေး

V1 - မေ့မရတဲ့ညနေမှာ မထင်မှတ်ပဲတွေ့ရှိခဲ့တယ်
နူးညံ့တဲ့အပြုံးပိုင်ရှင်ရယ် အို ... ကလေးတစ်ယောက်လို
အာရုံထဲရစ်နှောင်တွယ်

ဆံပင်ရှည်ရှည်လေးမို့ မမေ့နိုင်တယ်

V2 - ကျောင်းဆင်းလို့ကျောင်းပြန်ချိန်မှာ မင်းရဲ့နောက်အမြဲတမ်းလိုက်မယ်
နှုတ်ခမ်းလေးထက် နှင်းဆီရောင်ခြယ် ကောင်မလေးရယ်
မကြည်သလိုနဲ့ မကြည့်နဲ့

ဆံပင်ရှည်ရှည်လေးမို့ စွဲနေပြီ

CHO: နှလုံးသားနဲ့ တို့ဘ၀သက်သေတည်
စကားတစ်ခွန်းအတွက် အမြဲသာ
ဆံပင်ရှည်ကောင်မလေး

ယုံကြည်ပါကွာ တိုဘ၀သစ္စာ
ဆံပင်ရှည်ကောင်မလေး

ရင်မှာ ထာဝစဉ် အမြဲတမ်းချစ်နေမယ်

Blue Wave
8-2-1999

ဘ၀ရဲ့သစ္စာ

ဘ၀ရဲ့သစ္စာ

V1 - မှန်ကန်ခဲ့တဲ့ သစ္စာနဲ့ ရိုးသားတဲ့စကားတွေ

ရင်မှာခံစားချက်နဲ့အတူ ဆိုမယ်
ယုံကြည်ချက်တို့အရင်းတည်မယ်
ကြိုးစားမှုတစ်ခုနဲ့ အတူတူ ဘ၀ခရီးဆက်လျှောက်ဖို့အရာဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား


V2 - ကြင်နာမှုနဲ့အစတည်မဲ့ တို့နှစ်ဦးသားရဲ့အချစ်တွေ
အမှန်တကယ် နောက်ဆုံးငြိမ်းချမ်းဖို့သာ တိုင်တည်
ရင်မှာရှိတဲ့ မေတ္တာတရားနဲ့ ထာဝရအေးချမ်းမှုကို
လိုချင်မက်မောမိတဲ့ အဖြစ်တွေဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား


CHO: ရင်ခွင်မှာ မီများတောက်လို့ကျွမ်းလောင်ပါစေ
သောကလှိုင်းတို့ကြမ်းထန်ပါစေ လျှောက်လှမ်းရဲ
မြေပြင်မှာ ဆူးညှောင့်ခလုတ်တို့ရှိနေပါစေ
စွန့်လွှတ်ခြင်းနဲ့ အနစ်နာခံမယ် ဘ၀ရဲ့သစ္စာတရား

Blue Wave

9-9-1998