Friday, July 11, 2008

နှင်းဆီ .... သို့

နှင်းဆီ .... သို့

V1 - တောက်ပခဲ့တဲ့ မိုးသားထက်မှာ မင်းဘ၀ပျော်ပါစေ
အစွန်းအထင်းမရှိတဲ့ မင်းရဲ့ဘ၀မှာ မှေးစက်အနားယူဦး
သာယာသံစဉ် တေးသားများဟာ မင်းအတွက် ရည်ရွယ်တယ်
ကိုယ်ဆိုနေတဲ့ သီးချင်းလေးထက်မှာ မင်းလေး အမောဖြေဦး

CHO: အို .. နှင်းဆီရယ် မိုးအမြင့်ထက်မှာ ပျော်လို့နေကွယ်
ချစ်သူရယ် တို့ဘ၀ထဲကို မခေါ်ရက်ပါတယ်
ဒီလိုအခြေအနေတွေကြောင့်သာ အလှမ်းဝေးလို့နေပြီကွယ်
ဝေပါစေ ကြွေပါစေ တို့အတွက် မျှော်လင့်ဆဲ

V2 - ပင်ယံမှာလေ ဆူးများဝန်းရံ ခူးဆွတ်ဖို့ မလွယ်ကူတယ်
ရင်ဆိုင်ကာကွယ် စောင့်ရှောက်ဖို့အတွက် ဆူးတစ်ခက်ဖြစ်ချင်ရဲ့
အခြေအနေမတူတဲ့ မင်းနဲ့တို့ဘ၀ မိုးနဲ့မြေပြင်ပဲ
မညီညာနိုင်တဲ့ တို့ဘ၀လမ်းဟာ မင်းအတွက် လျှောက်နိုင်မလား

Blue Wave
25-7-1998

No comments: