Sunday, November 2, 2014

အသံမြင့်ပိုင်း ဆိုနိုင်ရန် လေ့ကျင့်ခြင်း - L Ni Gar Vocalist

အခွေလုပ်နေတဲ့ ညီငယ်လေးတစ်ယောက် မေးထားတဲ့မေးခွန်းလေးကို လေ့လာထားသလောက်ဖြေပေးလိုက်ပါတယ် ,...
မေးခွန်းက High pitch ကီးအမြင့်သံတွေ အော်နိုင်အောင် ဘယ်လိုလေ့ကျင့်ရမလဲ ?
ကျတော့ကို Guitarist ကိုခင်မောင်ထွေး(GL -9 ) သင်ပေးခဲ့တဲ့ နည်းလေး ပြန်လည်မျှဝေလိုက်ပါတယ်။ မသိသေးသူတွေလည်း လေ့ကျင့်ကြည့်ပါ။ ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။ သိထားတာလေး share ပေးတာပါ။


ဒိုရေမီဖာ အသံတွေကို Tone မှန်အောင် လိုက်ဆိုပါ/
Key C ရဲ့ 1 2 3 4 5 6 7 .1 .2 .3
လိုက်အော်ကြည့်။
 

အဲလို ပဲ Key D , E ,F ,G A, B တို့ ရဲ့ 1 2 3 4 notes တွေကို မှန်အောင်လိုက်အော်ကြည့်။
အဲဒီ့မှာ ကိုယ့်အသံရဲ့ အမြင့်ဆုံး အော်နိုင်တဲ့ ကီးနဲ့ နုတ် ကို သိလာလိမ့်မယ်။


ဆိုပါစို့ ။ ငါ့ညီရဲ့ Pitch က Key A ရဲ့  high 3 မီမှာ မအော်နိုင်တော့ဘူးဆိုရင် ထပ်ကာထပ်ကာလေ့ကျင့်ရင် ပိုအော်လာနိုင်လိမ့်မယ်။ စမ်းကြည့်ပါ။
အောင်မြင်ပါစေ။


မှတ်ချက် - L Ni Gar Vocalist Facebook မှ ကူးယူဖော်ပြပါသည်။

No comments: