Wednesday, September 10, 2014

ဘ၀ရဲ့သစ္စာ - ညီမင်းထက် (Blue Wave)


my song

ဘ၀ရဲ့သစ္စာ

V1 - မှန်ကန်ခဲ့တဲ့ သစ္စာနဲ့ ရိုးသားတဲ့ စကားတွေ
ရင်မှာ ခံစားချက်နဲ့အတူ ဆိုမယ်
ယုံကြည်ချက်တို့ အရင်းတည်မယ် ကြိုးစားမှုတစ်ခုနဲ့
အတူတူ ဘ၀ခရီး ဆက်လျှောက်ဖို့အရာဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား


V2 - ကြင်နာမှုနဲ့ အစတည်မဲ့ တို့နှစ်ဦးသားရဲ့ အချစ်တွေ
အမှန်တကယ် နောက်ဆုံး ငြိမ်းချမ်းဖို့သာ တိုင်တည်
ရင်မှာရှိတဲ့ မေတ္တာတရားနဲ့ ထာဝရ အေးချမ်းမှုကို
လိုချင်မက်မောမိတဲ့ အဖြစ်တွေဟာ
ကိုယ့်ဘ၀ရဲ့သစ္စာတရား

CHO: ရင်ခွင်မှာ မီးများတောက်လို့ ကျွမ်းလောင်ပါစေ
သောကလှိုင်းတို့ ကြမ်းထန်ပါစေ လျှောက်လှမ်းရဲ
မြေပြင်မှာ ဆူးညောင့်ခလုတ်တို့ ရှိနေပါစေ
ခွင့်လွှတ်ခြင်းနဲ့ အနစ်နာခံမယ် ဘ၀ရဲ့သစ္စာတရား

ရေး/ဆို - ညီမင်းထက် (Blue Wave)
တေးဂီတ & Studio - ရင်ခွင်ဦး

No comments: