Guitar Tunner 2.0.6
ဒီ application လေးဟာ သုံးရတာ တော်တော် အဆင်ပြေပါတယ်။ အရင်တုန်းက တခြား Guitar Tunner application တွေ သုံးဖူးပါတယ်။ အများစုက အသံထုတ်ပေးတာကို နားထောင်ပြီး ကြိုးလိုက်ညှိရတာပါ။ လက်ဝင်တာပေါ့။ သေချာ နားထောင်ရတယ်လေ။
ဒါလေးကျတော့ အဲ့ဒီလို မဟုတ်ဘူး။ ဂစ်တာကြိုးတစ်ချောင်းကို တီးလိုက် လက်ရှိရောက်နေတဲ့ အသံကို display နဲ့ ဖော်ပြပေးတာပါ။ ဥပမာ - အပေါ်ဆုံးကြိုးကို တီးလိုက်ပါ။ ရောက်နေတဲ့ အသံနေရာ D ဆိုပါက နောက်တဘား ထပ်ပြီး ကြိုးတင်းပေးရုံပါပဲ။ သတ်မှတ်တဲ့ နေရာရောက်ပြီဆို ရပ်လိုက်ရုံပါပဲ။ လွယ်ချက်ကတော့။
( E A D G B E ညှိရမဲ့ ကြိုး အစဉ်လိုက်ပေါ့။ )
အောက်က link မှာ ဒေါင်းလို့ရပါတယ်။
http://www.mediafire.com/?piwqdf6529yl8ui


No comments:
Post a Comment