ကျွန်တော် ဂီတနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်ဝင်စားပါတယ်။
ဝါသနာပါတယ်ဆိုပါတော့။
ဒါကြောင့် ဂီတနဲ့ပတ်သက်ပြီး ကျွန်တော်လုပ်နိုင်တာလေးတွေ လုပ်ဖြစ်ခဲ့တယ်။
ကဗျာ နည်းနည်းပါးပါးရေးတယ်။
သီချင်းတွေတော့ ပိုပြီးရေးဖြစ်ခဲ့တယ်။
ကိုယ်ပိုင်သံစဉ်လည်း ပါတယ်။ ကော်ပီလည်းပါတယ်။
ဂစ်တာ၊ ကီးဘုတ်နဲ့ ဒရမ်လည်း နည်းနည်းပါးပါး တီးတတ်တယ်။
vedio နဲ့ music software လည်း မတောက်တခေါက်တတ်တယ်။
ဒီတော့ သီချင်းတစ်ပုဒ် ဖန်တီးဖို့အတွက် ကျွန်တော် နည်းနည်းလုပ်နိုင်တယ် ဆိုပါတော့။
ဒါကြောင့် ကျွန်တောဝါသနာပါလို့ လုပ်ထားတာလေးတွေကို Blog ပေါ်မှာ တင်ကြည့်တာပါ။
အမှားပါရင်လည်း သည်းခံပါ။
ကျွန်တော် ၀ါသနာပါတာကိုတော့ အချိန်တစ်ခုရရင် ဆက်လုပ်နေဦးမှာပဲ။
နည်းတာ၊ များတာပဲ ရှိမယ်။
ကျွန်တော်လုပ်တတ်တာလေးတွေ လုပ်ကြည့်တာပါ။
Blue Wave
No comments:
Post a Comment